Friday, July 29, 2011

ကျမနဲ့ ခေါက်ဆွဲ

ကျမတော့ ထမင်းနဲ့ ခေါက်ဆွဲဆိုရင်ခေါက်ဆွဲဘဲရွေးမယ်..။ဘယ်အချိန် ဘယ်နေရာမှာမဆို စားနိုင်ပါတယ်။
အဲဒီတော့ ဘယ်သွားသွားဘယ်နေရာရောက်ရောက်ခေါက်ဆွဲဘဲမှာစားပါတယ်တခြားမမှာတတ်လို့ ပါ.:((

တခါတလေလည်းအဆင်ပြေပါတယ်..။တခါတလေလည်း စားလည်းမစားခြင်ထားပစ်ခဲ့ရမှာလည်းနှမြော..။
မိန်းခလေးတွေလေ..ဈေးကြီးလို့ နှမြော စားမကုန်လို့ နှမြော.( ကျမရဲ့ မကောင်းတဲ့အကျင့်တွေပေါ့)

The Netherlands,Keukenhof Gardens,(Lisse ဘူတာရုံကတရုတ်ဆိုင်ဖက်ထုပ်ပြုတ်၊စားမကောင်းပါ)
နေမကောင်းလို့ သာမှာစားတာ..နိုးနိုးပါဘဲ


The Netherlands Rotterdam, ကတရုတ်ဆိုင် အမြဲရောက်တယ်စားလို့ ကောင်းတယ်

တခါတလေ အပြင်မှာထိုင်ကြည့်တာ..ပုဇွန်နဲ့ ခေါက်ဆွဲကြော်
The Netherlands Utrecht ဘူတာရုံကြီးကခေါက်ဆွဲကြော်
The Netherlands Amsterdam ဒါလည်းဘူတာကြီးအနားကပါဘဲ
ငန်တယ်.sea food noddle ဆိုပြီးဗျာ. စိတ်ထဲမယ်ဗြဲလရမ်းကြီး ကောင်းဘူး...

ဒါကတော့ ဝက်နံရိုးခေါက်ဆွဲ ဆိုပြီး မှာလိုက်တာ..ခေါက်ဆွဲကသပ်သပ်..၊
ဆီတပိသာနဲ့ ၀က်နံရိုးက သပ်သပ်ရောက်လာပါတယ်.။
ဘူတာရုံတခုခု နားက ရှော့ပ်ပင်းစင်တာတခုထဲကလို့ မှတ်မိပါတယ် ငိုချင်သွားပါတယ်.။
ဒါကBelgium Antwerp ထိုင်းစားသောက်ဆိုင်က ခေါက်ဆွဲတဲ့.....။
၁၀.၅၀ ယူရိုလား မသိဘူးပေးရပြီး တစက်ကလေးမှမကောင်းပါ...။

London တရုတ်တန်းက ဘူဖေးတယောက်ကို ၆.၅၀ ပေါင် နဲ့ ဆာဆာနဲ့ ဘဲတွယ်လိုက်ရတယ်
ကောင်းမကောင်းစဉ်းစားပေးချိန်မတောင်မရလိုက်ဘူး။
London,Windsor Castle,Eton College သွားတဲ့လမ်းနားက ထိုင်းဆိုင်( ဖတ်ထိုင်း) buy one get one free တဲ့ဗျား.ကြက်သားအစပ်ဟင်းနဲ့ ထမင်းပါရတယ်။
၁ဝ ပေါင်ကျော်ကျော်ပေးရတယ်.တကယ်ကောင်းတယ်..။

နောက်ဆုံးတော့ ဘယ်နေရာကခေါက်ဆွဲဘဲဖြစ်ဖြစ်ကျမရဲ့ ခေါက်ဆွဲကိုဘယ်မှီကြမလဲ
ဆီမပါ ရိုးစင်းပေမဲ့ အင်မတန်မှစားကောင်းပါတယ် ..ဟဲဟဲ...:P

Thursday, July 28, 2011

ည၉နာရီခွဲ နေရောင်ခြည်


ငယ်ငယ်ကစာတွေမှာဖတ်ဖူးခဲ့တာက.
အနောက်နိုင်ငံမှာတော်တော်နဲ့ နေမဝင်ဘူးတဲ့.
တကယ်ပါဘဲ..မိုးချုပ်လို့ အိပ်ချင်နေပါပြီ.
နေရောင်ကတောက်ပနေတုံးဘဲ
မနှစ်က Netherlands Oostvoorne village church ကို
ည ၉:၃ရ မိနစ် မှာနေရာင်ကျနေတုံးဓါတ်ပုံရိုက်ထားတာ
ဒါကတော့ Germany Erlangen 2009 တုံးက
ညနေလမ်းလျောက်ရင်း ည ၉ နာရီထိုးခါနီးဓါတ်ပုံရိုက်တာ
ခုဒီမှာတော့ US ၈နာရီဆိုရင်နေရောင်မမြင်ရတော့ဘူး
ဒါပေမဲ့လည်းလင်းလို့ ပူလို့ အိုက်လို့ ...

Monday, July 25, 2011

အမေ့အိမ်ကထမင်းဝိုင်းလေး

ပိန္နဲသီး ၀က်နံရိုးဟင်းရည်.
(ဒရင်ကောက်ရွက်)ဟင်းရွက်ကြော်ချက်ပဲပုပ်ထောင်းလေးခပ်.
အိုဆွန်းသုပ်(ဖက်ဝိုးဆွန်းဆာ)
မုန်ညင်းဆော်အချို(ဖတ်ကာကျောကျိမ်း)
ခရမ်းချဉ်သီးပဲပုပ်ထောင်း(နမ့်ဖစ်မခေဆွမ်)
တို့ စရာ ဆလပ်ရွက် တန်အိုရွက်(ဖတ်ခိဝိုး)..
ဆိတ်သားခြောက်ထောင်းကြော်.
အပါးပါးကောင်းမှကောင်း...
အိမ်သားတွေကတော့..ဟင်းကိုကြည့်ပြီး ပွစိပွစိပြောပါတယ်.
ကျမပြောပြီးပြီကော.စားချင်တာအားလုံးပါအောင်စီစဉ်ရတာ..
ခေါင်းတောင်မဖော်နိုင်ဘူး ..ကုန်းရုန်းပြီးလွေးရတယ်။

အိမ်ပြန်တုံးက အမေကိုချက်ကျွေးခဲ့တာပါ.
ခုလိုဒီမှာပူပြင်းလွန်းတဲ့ရာသီမှာ..ပေါ့ဗျာ.
ဓါတ်ပုံလေးပြန်ကြည့် သတိလေးရ..
လျှာရည်လေးတမြမြပေါ့..
တောင်ပေါ်သူတွေဆိုတော့လည်း ဆီမပါ ပျားမပါတဲ့ဟင်းဘဲ
ကြိုက်နှစ်သက်ပါတယ်လေ..
အမေ့ အကြိုက်ထက်ကိုယ့်အကြိုက်ချက်စားခဲ့တယ်..
ဟီး..အကျင့်မကောင်းပုံ...။

Thursday, July 21, 2011

နေပြည်တော်ဆိုတာလေ..

ဟော...ရှေ့ ကဖြောင့်ဖြောင့်တန်းတန်းကြီးက နေပြည်တော်သွား အမြန်လမ်းမကြီးပေါ့...။

ဟား...သိပ်မဖြောင့်ပါဘူး..။တွေ့ လား..အကွေ့ တခုနော်..:)))
ကားလမ်းနဘေးမှာ မြေတူးထားတဲ့ နေရာဖြစ်မယ်။ ရေကန်လိုဖြစ်နေတာလေ..။
အဲလိုမျိုး...အများကြီးတွေ့ ရတယ်။

သဲချောင်းဖြစ်သွားတဲ့ မြစ်ငယ်လေးရဲ့ ဘဝဇာတ်ကြောင်း..။

ဖြောင့်တန်းပေမဲ့လည်း သစ်ပင်မရှိ ဘာမရှိ။ အမိအဖ မရှိတဲ့ ခလေးလေးဘဝ နဲ့ မတူဘူးလားးကဲ..ပြော..။
ပန်းပိတောက်နဲ့ လေယာဉ်ပျံကြီးလေ...။

ပြီးခဲ့တဲ့နှစ်ကူးကာလကျိုင်းတုံကိုပြန်တာ.မြို့ ပတ်ရထားနဲ့ ....အဲလေဟုတ်ဘူး။
လေယာဉ်ပျံကြီးကခဏခဏ ရပ်တယ် ဘူတာတိုင်း..အော်..လေယာဉ်ကွင်းတော်တော်များများပါ..။
ရန်ကုန်-နေပြည်တော်-မန္တလေး-ဟဲဟိုး-ကျိုင်းတုံ-တာချီလိတ်
အပြန်ကျတော့ တာချီလိတ်-ကျိုင်းတုံ-ဟဲဟိုး-မန္တလေး-နေပြည်တော်
အာပါးပါး.မိုက်တယ် ၂နာရီ-၃ နာရီနီးပါးလောက်ဒုက္ခခံလိုက်ရပါတယ်။
လေယာဉ်ရပ်ရင် ဆိုင်တဲ့သူတွေဘဲဆင်းရတာ.။
ပြီးရင် အဲယားမမတွေ အဲယားဖရက်ရှာတွေ ဖြန်းကြတယ်လေ.။
ကျမ အနံ့ မခံနိုင်ဘူးနှာရည်တွေကြချောင်းဆိုးတာအရမ်းပါဘဲ.။
လေယာဉ်ပျံ ပေါ်ကနေ နေပြည်တော် မန္တလေးတလျောက် ဓါတ်ပုံတွေရိုက်ခဲ့တာအခုမှပြန်ကြည့်မိတယ်..။
သစ်ပင်မရှိစိမ်းလန်းသောနေရာမရှိ.သဘာဝစိမ်းလန်းခြင်းကင်းသောနေရာ..။
က်ျနေရာကို နေပြည်တော်ဟုခေါ်ပါသည်။
နွေတုံးက အရမ်းပူကြတယ် အခုမိုးတအားရွာတယ်ရေကြီးတယ်တဲ့..။
အော်...သစ်ပင်တွေတောတွေဘယ်ရောက်သွားပါလိမ့်!!!!
ဒီကိုယ်တော်ကတော့ လေယာဉ်ပျံစီးတာကို၊ ထမင်းထုပ်လေးနဲ့ ဟင်းနံကြီးကနံလို့ ၊
လေယာဉ်မယ်လေးတွေက ကျမကိုလာမေးရှာပါတယ်။
အမရေ ငါးခြောက်ယူလာပါသလားရှင်တဲ့..။အဲဒီ ကိုယ်တော်ငုတ်တုတ်ကြီးကိုတော့မမေးဘူး...။
အော်...ငါ့နှယ်နော်..သူကတုံးတာလား င့ါပုံကနုံနေတာလား...။
ဒင်းကြီးထုတ်စားရင်တော့ ပြောပြစ်မယ်လို့  ပါးစပ်ပြင်ထားပါသေးတယ်:P
ကျိုင်းတုံကနေရန်ကုန်အပြန်ခရီးစဉ်ပါ..။

မီးမီး