Friday, August 10, 2012

တွေ့ ဆုံ၊နှုတ်ဆက်၊ပွေ့ ဖက် hug ကြပါသည်...

မင်္ဂလာပါရှင်~~~
ကျမတို့ မြန်မာအချင်းချင်းတွေ့ ကြရင်၊နေကောင်းလား၊ထမင်းစားပြီးပြီလား။
ဒီလိုဘဲနှုတ်ဆက်ကြတာနော်..။
ကျောင်းမှာဆရာ၊ဆရာမ ကိုနှုတ်ဆက်တဲ့ "မင်္ဂလာပါ"ဆိုတာတော့
နဲနဲအလုပ်သဘောဆန်ပြီး အခန်းအနားတွေမှာဘဲသုံးတယ်လို့ ထင်တာ။
ဟင်းဟင်း..ကျမတောင် နှုတ်ဆက်တတ်နေပြီလေ:P...။
ရှမ်းတွေလည်း ဒီလိုပါဘဲ..ယူလီခါ့ဟား..ယူလီဟား..ပေါ့။
ဦးခေါင်းလေးနဲနဲညွတ်ပြီး နှုတ်ဆက်ကြတာပါဘဲလေ။

အဲ...ထိုင်းရောက်တော့ ဆဝါဝ်ဒီခါ...လက်အုပ်လေးချီလို့ ဦးလေးညွတ်လို့ ..။
ဘုရား၊သံဃာနဲ့ သူတို့ ဘုရင်ကလွဲရင် လက်အုပ်ကို နဖူးအထိ မမြောက်ပါဘူး။
နှုတ်ဆက်ခံသူတွေကလည်းပြန်ရှိခိုးရပါတယ်။

ထိုင်းမှာအလုပ်လုပ်တော့နိုင်ငံခြားသားတွေနဲ့ ကြုံတွေ့ ရတယ်လေ။
ကမ်းမွန် ရှိတ်ဟန်း ပေါ့ :D
လက်ချင်းထိတာတောင်၊မိန်းခလေးဆိုတော့ယောက်ကျားတွေနဲ့ ဆိုသိပ်မထိချင်ကြဘူး။
ကျမတို့ ခေတ်ကာလက(သံကွန်ချာအောက်လူသားဘဲလေ)အတွေ့ အကြုံနည်းပါးကြပါသေးတယ်။
တောင်ကြီးသွားလို့ နိုင်ငံခြားသားမျက်နှာဖြူတွေ့ ရင်ပြူးပြူးပြဲပြဲလိုက်ကြည့်ရတယ်။
ဓါတ်ရှင်ထဲမှာဘဲမြင်ဘူးကြတာလေ။

ကိုယ်တို့ က အမေရိကားရောက်တော့ ရှိတ်ဟန်းဘဲသိတာလေ..:)))
တကယ်တန်းတော့..ဘယ်ကလာ...ရှိတ်ဟန်းနဲ့ ပြီးလို့ တုံး...။
အမျိုးသားနဲ့ ခရစ်မတ်ညစာစားပွဲသွားတော့၊ဝိုင်းပြီးဆွဲဖက်၊ပါးခြင်းအပ်ပြီးပြွတ်ကနဲ၊
ပါးစပ်ကအသံထွက်လိုက်သေးတယ် နှုတ်ဆက်ကြတာတဲ့။
ကံသီပေလို့ ..ဆောင်းတွင်းမို့ လို့ ၊အကျီထူအထပ်ထပ်နဲ့ ၊အိမ်ထောင်ကြပြီးပေလို့ ပေါ့..။
ဒီမှာအလုပ်လုပ်၊သူငယ်ချင်းတွေဘာတွေရတော့၊သူတို့ လိုဘဲတွေ့ ရင်...Oh..my dear.ဆိုပြီး..hug မယ်၊
ပြွတ်ကနဲပေးလိုက်တယ်ပေါ့..။

နောက်..ဂျာမဏီရောက်တော့..လာနှုတ်ဆက်ကြပါတယ်။
ဒီတခါတော့ ဘယ်ပြန်ညာပြန်ဗျ...။သူတို့ က အမေရိကားလိုဟုတ်ဘူးတဲ့။
အင်းး...မွ..မွ  ၂ခါနော်...။
တွေ့ ရင်..တခါနှုတ်ဆက်၊ပြန်ခါနီး နောက်တခါ...ဟူးးးး
လူတယောက်ကို စုစုပေါင်း ၄ ခါ...hug ခဲ့ရပါသည်။


ကိုင်း...နယ်သာလန် ဆိုတဲ့..ဟော်လန်မှာတော့၊ပိုဆိုးသွားရော..။
ကျမက ဘယ်ပြန်ညာပြန်နဲ့ ရပ်လိုက်တာ..။ဟုတ်သေးဘူးတဲ့။
၃ခါ တဲ့ဆရာရေ့ ...:P
ထမင်းစားဖိတ်တဲ့အိမ်က လူ ၃ယောက်၊သူတို့ ဧည့်သည်က ၂ယောက်။
ကျမတို့ က ၂ယောက်..ကဲ..တန်းစီ ဘယ်ပြန်ညာပြန်ပြီးဘယ်ပြန်...။
ပါးပါးချင်းအပ်.. မွ မွ မွ ၃ ခါ တဲ့..အချိန်ပေးရပါတယ်။
ဟီးဟီးဟီး...

ကမ္ဘာကျော် နှုတ်ဆက်အနမ်း တခုရှိသေးတယ်..။မြင်ဘူးကြမှာပါလေ...
ရှရှားမှာဂလိုကြီးလားသိဘူးနော်....အဟဲ..။

ကျမမွေးနေ့ မှာအမှတ်တရ၊အားလုံးကိုမြန်မာဆန်ဆန်ဘဲနှုတ်ဆက်လိုက်ချင်ပါတယ်။
နေကောင်းကြရဲ့ လား...
ထမင်းစားပြီးပြီလား...
အားရင်လည်းလာလည်ကြအုံးနော်...
:))))))
မွေးနေ့ မှာအားလုံးကိုဆုတောင်းမေတ္တာပို့ သပေးလိုက်ပါတယ်။
ကျမရဲ့ စာဖတ်မိတ်ဆွေများကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပါစေကြောင်း....
ဓါတ်ပုံကကြာပါပြီ၊လက်အုပ်လေးချီတာရှာလိုက်တာ၊ဒီတပုံဘဲတွေ့ လို့ ။

ရွှင်လန်းချမ်းမြေ့ ကြပါစေ....
မီးမီး
ကျမရဲ့ ဓါတ်ပုံကလွဲလို့ ကျန်တာအားလုံးအင်တာနက်ကမ္ဘာကနေကူးယူအသုံးပြုထားပါကြောင်း.. ဒူဝေဝေ..

19 comments:

  1. မင်္ဂလာပါ
    ချစ်လှစွာသော ရွှေယောက္ခမဂျီးးးးးး
    ပျော်ရွှင်ဖွယ်ကောင်းတဲ့ မွေးနေ့ ချိန်ခါ သမယမှာ
    အရာအားလုံး ပြီးပြည်စုံပါစေလို့ ဆုတောင်းပေးပါတယ်
    ဒီနေရာမှာလည်း ကျနော် ပထမနော်..
    ဟိုနေရာမှလည်း ကျနော် ပထမနော်...း))

    ReplyDelete
    Replies
    1. ချစ်စရာကောင်းတဲ့ချွေးမလေးရေ..
      ပေးတဲ့ဆုနဲ့ တလုံးတဝကြီးပြည့်စုံရပါစေလို၏
      ဘုတ်အုတ်မှာဘာမှအချက်အလက်မတင်ထားဘူး။
      ညည်းလေးကိုပြောပြတာဘဲရှိတယ်ကွယ်:))
      ဘုတ်အုတ်ကြီးကရင်ရှုပ်စရာကောင်းလှပါတယ်။

      Delete
  2. ကျန်းမာပါစေရှင့် သီတာ

    ReplyDelete
    Replies
    1. သီတာလေးရေ..
      ကျမ်းမာပါကြောင်း..
      :P

      Delete
  3. တွေ့ရင်ဒီလိုနှုတ်ဆက်... နေကောင်းလား...စားပြီးပြီလား...အားရင်လာလည်နော်
    ပြန်ရင်ဒီလို... ပြန်တော့မလား... ဖြည်းဖြည်းနော်
    မွေးနေ့ရှင်ကိုတော့ ဒီလိုလေး.... မွေးနေ့မှာအသက်ရာကျော်ရှည်ပါစေ :D

    ReplyDelete
    Replies
    1. နေကောင်းလား...
      ဘာဟင်းတွေချက်စားလဲ...
      ဟော်လန်ကိုကိုယ်ရှိတုံးဘာလို့ မလာတာလဲ..
      Rotterdam နဲ့ ကိုယ်တို့ ၁ နာရီခရီးလောက်ဆိုရောက်ပြီဘဲ..
      ဖြေးဖြေးပြန်နော်...
      ပေးတဲ့ဆုနဲ့ ပြည့်ပါစေလို့ ....
      :))))

      Delete
  4. Happybirthayပါအန်တီ

    ReplyDelete
  5. ကျေးဇူးတင်ပါတယ်။
    ဝိဝိ..နယူးဂျာစီဖက်ရောက်ရင်လာလည်ပါအုံးနော်..။
    ဖိတ်ခေါ်ပါတယ်ကွယ်။

    ReplyDelete
  6. Happy belated birthday!!!
    with big hugs,
    Iora
    နေကောင်းလား
    စားပြီးပြီလား

    ReplyDelete
    Replies
    1. ကျေးကျေး..:P
      နေကောင်းပါ့။စားပြီးပေါ့။
      လယ်သမားဈေးလည်းသွားပြီးပေါ့။
      အရှေ့ ဥရောပကလယ်သမားတွေ..:((
      မနက်ဖန်နောက်တခုထပ်သွားမယ်..:))
      ကြားရက်ရောင်းတဲ့ဆိုင်ကြတော့၊သွားဖို့ အခွင့်မသာဘူး။
      သဘောကောင်းတဲ့၊အိုင်အိုရာ..တကယ်ကျေးဇူးတင်တယ်ကွာ:))))
      ဖြေးဖြေးပြန်နော်...:D

      Delete
  7. I never knew your are 2 weeks younger than me. I think you don't want to know how RASU geology major old folks greet each other when they meet on the street. No hug, no Kissie Kissie, No bow down, No hand shaking. But I can greet you... Happy birthday MeeNage.

    ReplyDelete
    Replies
    1. KKT..
      Thanks my friend...
      You guy always say(ဟေ့ကောင်..ဘယ်လိုလဲ၊သေသေးဘူးလား။သူဌေးဖြစ်ပြီလား)
      :P ...Am I right!!!!
      I was so scare your group,that time(when upon a time in University).
      When I saw your group I had to run or hide.
      They all shout my name so loud....
      Ha ha ha..
      Anyway you are my only one friend who knew I write here:D
      Take care my friend..KKT

      Delete
  8. Replies
    1. Hi..Fred!!!
      Thank you.
      Long time no see...
      I didn't see your email,that why I can't sent you massage.
      I just want to share my mediation experience with your wife.

      Delete
    2. it's the same as username. Just add @gmail.com

      Delete
  9. မွေးနေ့ ရှင်ကြီး ကျန်းမာပျော်ရွှင်စွာဖြင့် ခရီးတွေသွားနိုင်၊ ချက်နိုင်ပြုတ်နိုင်၊ စာတွေအများကြီး ရေးနိုင်ပါစေနော်..ဝေးနေလို့ ကွာ..အနီးမှာဆိုရင်တော့ မွ..မွ..မွ နယ်သာလန်လို နှုတ်ဆက်လိုက်မယ်..ဟိ..ဟိ..

    ReplyDelete
  10. မွ.မွ.မွ..
    ပြန်မွလိုက်တယ်..:)))ကျေးဇူးတင်ပါတယ်..
    ခရီးမထွက်နိုင်တာကြာပေါ့..ငါ့နှမလေးရေ...
    ခရီးအဟောင်းလေးတွေပြန်နူးလိုက်အုံးမယ်..
    :P

    ReplyDelete