Saturday, September 28, 2013
Green tea နဲ့ Pannsylvania ခရီး
မင်္ဂလာပါရှင်~~~
ဒီလိုပါဘဲ...ဘဝဆိုတာ မြုပ်တခါပေါ်တလှည့်ဆိုသလိုပေါ့ရှင်...။ကျမလည်း ပေါ်လာလိုက် ပျောက်သွား
လိုက်နဲ့ အားလည်းနာပါတယ် တကယ်တန်းရေးပြီးပြောမလို့ ကြံရွှယ်နေတာက အမှိုက်များနဲ့ ကျမတို့ 
ရွှေပြည်ကြီးအကြောင်းတွေပါ။ ဓါတ်ပုံလေးတွေအချက်လေးတွေစုပြီးနောက်မှ ပြောပြအုံးမယ်နော်..
ခုတော့ လွန်ခဲ့တဲ့ ၂ပတ်က သွားလည်ခဲ့တာလေးနဲ့ တွေ့ ခဲ့တာလေးတွေပါ...
Pennsylvania ပြည်နယ်က နယူးဂျာစီနဲ့ ကပ်ရပ်ပြည်နယ်ပေါ့ ။ ကျမတို့ ကနယူးယောက်နဲ့ ကပ်ရပ်ဖက်မှာ ဆိုတော့ ၁နာရီခွဲကျော်လောက် တော်တော်မောင်းရပါတယ် ကားသိပ်မကျပ်ရင်ပေါ့လေ...။
အဲဒီပြည်နယ်အစပ်က Easton မြို့ လေးမှာရှိတဲ့အပေါင်းအသင်းရောင်းရင်းကြီးဆီသွားကြတာပါ။ မြို့ လေးက သေးသေးလေးပါ..မြို့ လယ်ခေါင်မှာရှိတဲ့ကျောက်တိုင်ပတ်လည်မှာ စနေနေ့ တိုင်းလယ်
သမားဈေးရောင်းကြတာရှိတယ်..။ နေရာထိုင်ခင်း မြို့ အနေအထား လူပုံပန်းသဏ္ဌန်တွေ ရာသီဥတုကစလို့  Oostvoorne Holland 
နဲ့ ဆင်သလိုလိုမိုးကလည်းအုံ့ ပြီး..အဲဒီနေ့ က ရာသီဥတုအေးစပြုလာပြီလေ...။
အားလုံးခြုံ ကြည့်လိုက်တော့ ဥရောပကိုပြန်ရောက်နေသလိုခံစားရတယ်.။
နောက်မှ မြို့ အကြောင်းကို ဝီကီကနေ ရှာဖတ်ကြည့်တော့  ဒတ်ခ်ျ Dutch တို့ ကိုလိုနီနယ်ဖြစ်ခဲ့ဖူးတာကိုး..၊
ပြီး..ခုလည်း အဲဒီပြည်နယ်မှာဂျာမာန် German စကားပြောတွေက ၂၈.၅% ရှိတယ်တဲ့။ ဒီနေရာမှာသူတို့ ဆို လိုချင်တဲ့ ဂျာမန်စကားဟာ..Pennsylvania Dutch language ဖစ်ပြီး ဂျာမာန် အနောက်အလယ်ပိုင်းဒေသ
ကအသံထွက်မျိုးဖြစ်ပါတယ်တဲ့..။ သိကြတဲ့အတိုင်း အာခေါင်ခြစ်သံ ဝမ်းခေါင်းသံနဲ့ ပြောတတ်တဲ့ ဂျာမန်
စကားဟာ ဒတ်ခ်ျစကားနဲ့ တွေ့ တော့ easy ဖြစ်သွားတယ်..ဒတ်ခ်ျတွေက ခွီးငီးကွီး..အဟီး..ဒီလိုဘဲကြား
တာဘဲ တွံတွေးတွေစင်ထွက်ကုန်တယ်လို့ ထင်ရတယ် လေ...။
တကယ်တော့လည်း Deutsch စကား ဆိုတာ English နဲ့ Dutch ရောစပ်ထားတယ်လို့ ဘဲအကြမ်းအားဖြင့် နားလည်ထားတာပါ။သူငယ်ချင်းသားလေးလည်း ဂျာမာန်စကားသင်နေတာတဲ့။သူတို့ ကခလေးနဲ့ ပြောခိုင်း တာ ဒီကလည်းတော်တော်မေ့နေတယ် အစကိုမချီနိုင်ဘူး အိုးနင်းခွက်နင်းနဲ့ ..ဟီး..ရီရတယ
သူ့ ခမျာကြိုးစားပြီးရောင်းရှာတယ် သူ့ ပျားရည်က သဘာဝပျားရည်တဲ့ အမြည်းတွေစားကြည့်ပြီးဝယ်လည်း
မဝယ်ခဲ့ပါဘူး... ^_^   မိတ်ဆွေတို့ လင်မယားက ကျမတို့ ကို အဲဒီအဝိုင်းနားက ဆိုင်မှာ နေ့ လည်စာ
နဲ့ တည်ခင်းဧည့်ခံပါတယ်ရှင် :P ချစ်စရာကောင်းထှာ
 ကျမကျေးဇူးရှင်က ကြက်သားဆင်းဝှစ်၊ချိစ် နဲ့ ...
ကိုယ်တော့ ဘာရမလဲ စားပွဲထိုးမလေးကိုမေးတာပေါ့ မင်းတို့ ထဲကအကောင်းဆုံးဆိုတာဘာလဲ ဆိုတော့
LOBSTER Roll တဲ့...
ရောင်းရင်းကြီး တို့ ၂ယောက်ဘာမှာစားကြမှန်းတောင်မသိလိုက်ဘူး... ဓါတ်ပုံရိုက်တော့ ဂလိုလေးတွေ့ ရ တာဘဲ...
စာရင်းချုပ်လိုက်ရင် အင်မတန်စားကောင်းတာပေါ့ရှင်...။ (သူများကျွေးတာမို့ ပြောတာဟုတ်ဘူးနော်..)
ပိုက်ဆံရှင်းတော့ နဲနဲချောင်းကြည့်လိုက်တယ် ၇၅$ တဲ့...ဘီယာ နဲ့ ဝိုင် ၂ခွက် ဘဲပါတာ..ဈေးကြီးပါဘူးနော်.
စားပြီးတော့ ယောက်ကျားလေးတွေက သေနတ်သွားပစ်ကြတယ်တဲ့...မမိုက်လိုက်ထှာ..
ကိုယ်တို့ တော့ မိန်းမပီပီ ရှော့ပင်း..ဟင်းဟင်း....
Easton မြို့ လေးမှာနံမည်ကြီးတဲ့နေရာလေးတခုကတော့ Crayola crayon company သူက ခလေးတွေရောင်စုံခဲတံချောင်း၊ဘောပင်ချောင်းတွေထုတ်တဲ့စက်ရုံပေါ့...။ိ
 မြို့ ပါတ်လည်မှာ ဒါလေးဘဲရှိတာ...
ဒါကတော့ စက်ရုံနောက်ကျောဖက်မှာပေါ့...ရွှေမင်းသမီးအဖွားအိုလေးနဲ့ လေ... :) 
ကဲ...သူငယ်ချင်းနဲ့  ရှော့ပင်းသွားရင်း...လက်ဖက်ခြောက်တွေဝယ်ခဲ့တယ်..
ကျမထုံးစံ ဂျပန်ဂရင်းတီးပေါ့...
သူတို့ လက်ဖက်ခြောက်ရောင်းတဲ့နေရာ...ဗူးလေးဖွင့်စက္ကူအိတ်ထဲစတီးဇွန်းနဲ့ ကလော်ထဲ့ အလေးချိန်
ပြီးကျသင့်သလောက်ထွက်လာတဲ့ စတိတ်ကာကပ်...ပေါ့ မော်နီတာ နဘေးကစက္ကူထုတ်လေးတွေ က
ကျမတို့ ထဲ့ထားတာတွေပေါ့ရှင
 မွှေးလွန်းလို့ ဈေးနူံးကိုသိပ်မကြည့်ဘူး...တပေါင် ၇၉.၉၉ $ တဲ့
 အရွှက်လေးတွေလည်း လှမှလှ...
ဒီဟာက ပိုတောင်လှသေးတယ်..မွှေးနေတာဘဲ...၉၉.၉၉ $ အမေရေ..အမေ့သမီး တသက်မှာတခါလောက်
သောက်စမ်းကြည့်ချင်လို့ ပါ...
လုံးကျစ်လေးတွေ...ထိုင်ဝမ်ဖက်ကလာတာလည်း ဒီလိုမျိုးသောက်ဖူးတယ်..။
ဟောဒီဘောလုံးကြီးက အိုးလိုက်ဖျော်မှဘဲသောက်လို့ ရမယ်နဲ့ တူတယ်...။မြင်သမျှအားလုံးဝယ်
ချင်နေတာချည်းပါဘဲ။ မိန်းခလေးတွေဆိုရင် ဒီလိုဘဲ အမြင်လောဘအသောမသတ် နိုင်ပါရှင်။
ဒါတော့ ဂျပန်လေယာဉ်ကွင်းမှာရောင်းတာတွေ့ ဖူးတယ်..သောက်လို့ ကောင်းတယ်။ကောက်ညှင်းနံ့ လေး
မွှေးလို့ ..။ ၅ ထုပ်လောက်ယူလာပြီး  ပိုက်ဆံမရှင်းခင်မှာ သေသေချာချာပြန်ကြည့်မှ Made in China
လည်းပါတယ် Japan လည်းပါတယ်။ရောနေတာကိုး..သူ့ နေရာပြန်သွားပြီး China ကို သာသာလေးနား
ထား
ခိုင်းလိုက်ပြီး ကိုဂျပန် ၃ ထုပ်ဝယ်ခဲ့ကြတာပေါ့...ကွယ်..^_^ 
နဲနဲစီဘဲခပ်ထဲ့ခဲ့တာပါ...ချွေတာရေး လုပ်ခဲ့ ကြပါတယ်လေ။(ကပ်စီးကုပ် ဒေါ်ကြီးမီးလေ)
ကျမတို့ ၂ယောက်လည်း..အဲဒီလက်ဖက်ခြောက်စခန်းမှာအချိန်တွေကြာသွားတာနဲ့  တပ်ခေါက်ပြီးပြန် လာကြရပါတယ။်
စကားတွေပြောနေတာနဲ့  ဖြတ်ပြီး အေးတာလည်းပါပါတယ်လေ..ခပ်စောစောပြန်ခဲ့ကြပါတယ်။
ရာသီဥတုကသာယာနေတော့လည်း ကားသွားနေရင်းက (နယူးယောက်ဖက်ကမ်းကိုလှမ်းမြင်နေရတာကိုး)
မနေနိုင်ပါဘူး ဓါတ်ပုံလှမ်းရိုက်ထားလိုက်တယ။် 
ဟော..လမ်းခွဲလေးရောက်ပြီ..အိမ်နားက ညနေတိုင်းသွားပြေးတဲ့နေရာမှာပေါ့..
ကြည့်လိုက်တော့ ပူစီဖေါင်းတွေ ထိုးထိုးထောင်နဲ့  ဘာပွဲလည်းသိဘူး...
ခဏဆိုပြီးဝင်ကြပါတယ်...။
ကကြီးရှပ်ရုင်ထဲမှာမင်းသမီးတွေလှလိုက်ကြတာ ဒီမှာခြုံကြည့်လိုက်ရင် မျက်နှာခပ်ပြဲပြဲကြီးတွေနဲ့  မလှဘူး..
Korean thanksgiving ပွဲတဲ့..
 ရောက်တော့နောက်ကျနေပြီးဖြစ်တဲ့အတွက် စားစာရာရောင်းတာတွေတောင်ကုန်နေပြီ..
ကားကိုလည်းဟိုးအဝေးကြီးကွင်းပြင်မှာရပ်ထားခဲ့ရတယ်..
ကားပေးမဝင်ဘူးလေ..
သူတို့ စီစဉ်ပေးတဲ့ ဘတ်စ်ကားနဲ့ သွားတာပေါ့...
ကဲ..ခြေလည်းတို..နေလည်းညိုလို့ ..အိမ်ပြန်ကြပါစို့ ကွယ်....
အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေရှင်
မီးမီး
Friday, September 20, 2013
Ladies Tample(Banteay Srei) နှင့်ခမာနီမျိုးဆက်ရဲ့ ရင်ဖွင့်သံ
မင်္ဂလာပါရှင်~~~
အန်ကောဝပ်ခရီးစဉ်မှာ ဒီအကြောင်းလေးတခုကွက်ကျန်သွားတယ်...။
ဒီတော့...ပြောစရာအကြောင်းတခုရှိသွားပြီ...ပေါ့လေ...:)
ကမ္မောဒီးယား ဘုရားကျောင်းကန်တွေထဲမှာ ဒီတခုဘဲ ဘုရင်ကြီးတွေတည်ထားခဲ့တာမဟုတ်ပါဘူးတဲ့။
Angkor ဧရိယာထဲမှာရှိပေမဲ့ နောက်ထပ်အရှေ့ မြောက်ဖက် ၃၅ ကီလိုမီတာလောက် ထပ်သွားရပါသေး တယ်။ ဟိန္ဒူနတ်ဘုရား ပူဇော်ပသတဲ့ ဒီဘုရားကျောင်းလေးဟာ နေရာလည်း အကျယ်ကြီး မဟုတ်ပါဘူး။
ဒါပေမဲ့ သူ့ ရဲ့ သဲကျောက်(ဟင်း...ဟင်း Sandstone ကနေတိုက်ရိုက်ဘာသာပြန်ထဲ့လိုက်တာဘဲ ) ^_^ များသောအားဖြင့်ဆိုပါတော့ Sandstone ဆိုတာ quartz နဲ့  feldspar ပေါင်းစပ်ထားတဲ့ အရောင်
မျိုးစုံတွေ့ နိုင်တဲ့ သဲကျောက်မြေတမျိုးပါ။ ဒီဘုရားကျောင်းမှာတော့ ပန်းရင့်ရောင်တောက်တောက်လို့ 
ခေါ်ရမလားမပြောတတ်ဘူး..ဒီလိုအရောင်နဲ့ တည်ဆောက်ထားတာကိုက အမြင်ဆန်းနဲ့ ချစ်စရာလှပနေလို့ 
Ladies Templeဆိုပြီးနာမည်ကြီးတာပေါ့..။
အဝေးကနေလာရပြီး အပြင်ကနေကြည့်ရင်လည်းမမြင်ရဘူး...။ကားရပ်တဲ့နေရာမှာ ဈေးဆိုင်တန်းတွေ
အများကြီးနဲ့ လှည့်ပတ်ကွေ့ ဝှက်ပြီးသွားမှ..အော်...ဂလိုကိုး...နေရာတော်တော်များများကပြိုပျက်စီးနေပါပြီ။
မြင်ရတဲ့နေရာဘဲ ကြည့်ရတာကိုက အန်မတန်မှ အနုစိတ်လှပလိုက်တာ...လွန်ခဲ့တဲ့ ၁ဝ ရာစုနှစ်ကတဲကဆို
နှစ်ပေါင်းမနဲတော့ဘူး..ရာသီဥတုဒဏ်နဲ့ ပြိုပျက်နေတာကိုဘဲ ဒီအတိုင်းလေးနဲ့ နိုင်ငံခြားသားခရီးသွားတွေ ကိုဆွဲဆောင်နိုင်တာဘဲ။(ထုံးစံအတိုင်း..နှိုင်းယဉ်ပြီးမစဉ်းစားမိအောင်ကြိုးစားလည်း ပြန်စဉ်းစားမိတာပါဘဲ)
ပုဂံကစေတီတွေ ထုံးသုတ် နံပါတ်တပ် ကျုပ်တို့ မြို့ ကနှစ်ပေါင်း ၁ဝဝ နီးပါးရှိတော့မဲ့ စော်ဘွားဟော်ကို လည်းဘူဒိုဇာနဲ့ တိုက်ဖျက်ပြီး Guest house သာသာအဆင့်ရှိတဲ့အဆောက်အဦနဲ့  ဟော်တယ်ဆိုပြီး
လုပ်တယ်လေ..ဒီလိုလုပ်ချင်ရာတွေလုပ်တတ်တဲ့ ဘဘကြီးတသိုက်ကိုရှင်းပြချင်ပါတယ်..အဆောက် အဦဟောင်းတွေအသစ်ပြင်မဲ့အစား ဘဘတို့ ရဲ့ တွေးခေါ်ပုံလေးတွေဘဲအသစ်အရင်ပြင်ပေးပါလို့ ...:P
(ကြုံတိုင်းပြောတတ်တဲ့ မယ်မီးလေ...:)
အဝင်ဝမှာတွေ့ ရတဲ့ ကမ္ဘာကျော် ဘာသာရေး အဆောက်အဦတွေ ဘယ်ရာစုနှစ်တွေ မှာဆောက် ခဲ့တာ ပြထားတဲ့ပုံပါ။
ဒါကသူ့ ရဲ့ နဂိုမူလပုံစံပေါ့...အဲ...အထဲမှာတော့ ၈ဝ %ကျော် မရှိတော့ပါဘူး..
တစစီပြန့် ကျဲနေတဲ့ အပိုင်းအစတွေကိုပြန်ကောက်ပြီး စီထားတာ ။တံခါးဘောင်ထိပ်မှာပြန်တပ်လို့  မရတော့ဘူးလေ..။
ဒီတခုတော့တော်တော်ကောင်းကောင်းရှိနေပါသေးတယ်။
ကျမအထင်တော့ ဒီမျောက်၃ကောင် နောက်မှအသစ်လုပ်ပြီးတင်ထားတာလို့ ထင်တာဘဲ။ မူလအရုပ်တော့ ဒီလောက်ထိကောင်းနေလောက်မယ်မထင်ဘူး။နို့ မို့ ရင်လည်းပြတိုက်တခုမှာ မီးရောင်ပင့်ထိုးထားပြသခြင်း
ခံနေလောက်ပြီ။
အဝင်ဝကလည်းကျဉ်းကျဉ်းလေးပါဘဲ။
ဒီနေရာမှာ ကိုးရီးယားလူမျိုးတွေနဲ့ သိပ်မတွေ့ ဖြစ်ဘဲ ထူထူးခြားခြား ထိုင်းတသိုက်နဲ့ တိုးပါတယ်။
ကျမတို့ အာရှထုံးစံဆူညံသံတင်မကပါဘူး။ ဓါတ်ပုံရိုက်ကွက်တွေကရင်သပ်ရူမောဘွယ်ရာအကွက်တွေပါ
တွေ့ ရတယ်...အဟဲ...
အရိုက်ခံတဲ့သူတွေကလည်း ပို့ စ်မျိုးစုံဆိုတော့ ကင်မရာမင်းများလည်းပို့ စ်လေးနဲ့ ...ပေါ့။
 အားလုံးထဲမှာဒီတပုံကိုတော့ တို့ မြန်မာနိုင်ငံသားများအတုယူလိုက်ရိုက်ကြမယ်မထင်ပါဘူး...။ သူ့ မျက်နှာပေးကိုလည်းသေသေချာချာကြည့်ပါအုံး..တကယ်ဘဲ စိတ်လေပါတယ် ပေါက်ပေါက်ရှာရှာ.နော်။
များသောအားဖြင့် အင်တာနက်ပေါ်မှာ မသိတဲ့သူပုံတွေပါရင် သူများတွေက မျက်နှာဖျက်ပြီးတင်ကြတယ်။
ကိုယ်တော့...ခပ်တည်တည်ဘဲ..(လာမေးရင် ဂူးဂလ်နဲ့ ရှာတွေ့ လို့ ...ဖြေလိုက်မှာ..ဟီး)
ကျမတော့ တံခါးအဝင်ဝက ကျောက်ပြားကြီးတွေကိုတကယ်သဘောကျတယ်။ ကျောက်တုံးတတုံးလုံးကို တံခါးပုံအချပ်လိုက်ထွင်းပြီးလုပ်ထားတာတဲ့...။
ကဲ..အသွားအပြန် မိုင်ပေါင်း ၄၃ မိုင်ကျော်၊ ကီလိုမီတာ ၇ဝ ကျော်ခရီးမှာ ကားဆရာနဲ့ တလမ်းလို့ CNN လုပ်
ခဲ့ပါတယ်..။ မေးမြန်းစပ်စုတာပေါ့...။ သူ့ အဖေအမေက ခမာနီတွေတဲ့။ ကျမတို့ မြန်မာလိုခမာနီလို့ ခေါ်ကြ
ပြီး Khmer Rouge လို့ သိကြတဲ့ကွန်မြူနစ်တွေပေါ့။ ကျမတို့ ခလေးလေးဘဝက ကြားဖူးခဲ့ကြတာဘဲ။ ကွန်
မြူနစ်တွေဆိုတော့လည်း..လုပ်ချင်ရာလုပ်တာဘဲ ထုံးစံအတိုင်း ထူးဆန်းတဲ့ ဥပဒေတွေ ထုံးတမ်းဓလေ့တွေ
နောက်တိုင်းပြည်ကြီးငြိမ်းချမ်းရေးရလာတဲ့အချိန်မှာ ခိုးပြီးနောက်မိန်းမတယောက်ယူထားတယ်တဲ့..။
နောက်မိန်းမနဲ့ ရလာတဲ့သား မင်္ဂလာဆောင်တော့ သူ့ အဖေကိုလာစေချင်တာနဲ့ ဖိတ်စာပို့ တယ်တဲ့။
ဒီဖက်ကလူတွေ သွားကြမှသိရတယ်..အိုး...သားက အဖေ့မျက်ခွက်နဲ့ ချွတ်စွတ်ဆိုပါလား....။
 လမ်းတလျောက်လုံးဈေးဆိုင်တန်းတွေမှ အများကြီးပါဘဲ...။
 ဆိုင်တိုင်းထန်းရည်တွေကျိုလို့ ၊ နေ့ မွန်းမတည့်ခင်တုံးကတော့ ထန်းရည်ချိုချိုတွေ ဝယ်သောက်ခဲ့ ပါသေးတယ်။
လယ်ကွင်းတွေထဲမှာ ကျွဲနွားပိန်ပိန်လေးတွေတွေ့ တော့ ကျမမေးမိတယ်..ဘာဖြစ်လို့ တိရစ္ဆာန်တွေ သေးပိန်
နေကြတာလဲလို့ ..တကယ်ပါ..ကျမတို့ နိုင်ငံထက်သေးပြီး မဲခြောက်နေတာဘဲ။ သူကပြောပါတယ်..အဟီး
သူတို့  ခမာလူမျိုးတွေက လူတွေသာ sexy ဖြစ်သာဟုတ်ဘူး ကျွဲနွားတွေလည်း sexy ကိုယ်လုံးလေးတဲ့ :P
သူ့ အစိုးရအကြောင်း ဒီခရီးသွားလုပ်ငန်းလေးဖြစ်ထွန်းလာလို့ သူတို့ ဒေသက စားပေါက်တွေ နဲနဲချောင် လည်လာကြတဲ့အကြောင်း ပြောပြပါတယ်။(သူကပြောလိုက် ကိုယ်က ငိုက်လိုက်နဲ့ လေ..အားနာလို့ မျက်စိ
အသားကုန်ပြူးထားပြီး နားထောင်ခဲ့ပါတယ်.. :))) 
ဒါပေမဲ့ လာမဲ့ ၃ နှစ်ဆိုလား  နောက်နှစ်ဆိုလား..
(ကြာတော့ မေ့ချင်နေပြီ။ ) အန်ကောဝပ်ခရီးသွားလုပ်ငန်းတခုလုံးကို ပုဂ္ဂလိကကုမ္မဏီကြီးတဦးတည်း
လုပ်ကိုင်ဖို့ အခွင့်ပေးလိုက်တယ်လို့ ပြောပြတယ်..။ တနှစ် နိုင်ငံခြားသား ၁ဝသန်းကျော်လာတဲ့ ဒေသနော်
တကယ့်အကွက်ကောင်း။အော်...ဂလိုလည်း...ငါတို့ နဲ့ တူတာပါဘဲ..ဟယ်...ကောင်းတဲ့ ဆီဦးထောပတ်ဆို
ဘဘတို့ နဲ့ အပေါင်းပါ တသိုက်ဘဲစားတာပါ..အရိုးအရင်းလေးတောင် ကိုက်ခွင့်မရှိပါဘူး...၂၁ ရာစုနှစ်မှာ ဖယောင်းတိုင်လေးနဲ့ ငတ်တလှည့်ပြတ်တလှည့် နဲ့ အကြွေးကထူသေးပါတယ်ကွယ်....( ဟုတ်တယ်ဟုတ်)
အားလုံးဘဲ ရွှင်လန်းချမ်းမြေ့ ကြပါစေရှင်~~~
မီးမီး
အန်ကောဝပ်နဲ့ ပတ်သက်သမျှ...
Angkor Wat Adventure
Tonle Sap Lake 
အံမခန်းအနုပညာလက်ရာနဲ့ ခမာတို့ ရဲ့ ယဉ်ကျေးမှု့ 
ခမာတို့ ရဲ့ အစားအစာများ
သစ်ပုတ်ပင်တွေကစေတီပုထိုးတွေကိုဝါးမြိုလို့ 
Saturday, September 14, 2013
ညတရေးနိုးထရခြင်း...(sixth sense 2)
မင်္ဂလာပါရှင်~~~
ကျမတို့ တွေညညအိပ်ယာကနေရုတ်တရက်လန့် နိုးလာရတဲ့အကြောင်းရင်းများစွာထဲကတခုတော့၊
ဆီးသွားချင်လို့ ပါဘဲ..။ ဟင်းဟင်း...သုတေသနသေသေချာချာလုပ်ပြီးမှ ပြောတာနော့်...။
(ပတ်ဝန်းကျင်က လူ ၄- ၅ယောက်ကိုမေးမြန်းကြည့်ပြီးသောအခါ..ပေါ့ရှင်)း))
ရွှေပြည်ကြီးမှာလည်း ဂလိုဘဲတဲ့..နီးစပ်ရာလေးမေးမြန်းပြီး အားလုံးဘဲ ရာနူံးပြည့်အောင်မြင်ပါကြောင်း...:P
အဟဲ...ထိပ်ထုခြင်းခံရတော့မယ်... @_@
ကျမငယ်ငယ်ကတဲကကျောက်ကပ်တခုကိုပြည်တည်ပြီး၊ဆေးကုရသေးတယ်။တခုကကောင်းကောင်းအလုပ်
မလုပ်နိုင်ဘူးဆိုပါတော့..စာရင်းချုပ်လိုက်တော့ ဆီးမထိန်းနိုင်ဘူး..ရေအိမ်ခဏခဏသွားရတယ်။ဒါကြောင့်
လည်းကျောင်းမှာနေတုံးက ခင်သက်ထွေး..ဆိုတဲ့နာမည်ကို သူငယ်ချင်းတွေဝိုင်းပေးကြတယ်လေ။
နေရာဒေသတွေလည်းခဏခဏပြောင်းနေတဲ့ကျမတယောက်တော့..အိပ်ခါနီးဘယ်နေရာမှာအိမ်သာရှိ
လည်း၊သေသေချာချာမှတ်ပြီးအိပ်တာ
(ဒါဘယ်နေရာမှာ..အိပ်နေတာလဲလို့ ..မှတ်မိနိုင်မှာလေ)။နိုးတာနဲ့ 
မှတ်ဥာဏ်လေးကိုပြန်ဆွဲဆန့် ရတယ်။ ပြီးမှ..ထပြီးသွားတာပေါ့..တညကို ၂ခါအနဲဆုံးသွားရတယ်။ အိပ်ရေးပျက်တယ်လေ..။
လူကလည်းခပ်ပျင်းပျင်းဆိုတော့ အိမ်သာနဲ့ အိပ်ယာကိုခြေလှမ်းအရေအတွက်နဲ့ မှတ်ထားလေ့ရှိတယ်။
မီးကိုမဖွင့်ဘဲ မျက်စိမှိတ်ပြီးသွားနိုင်တဲ့ အတတ်ပညာလည်းရှိတယ်...(ဂလိုတော်တာနော်...^_^)
လက်နဲ့ စမ်းပြီးသွားတာ ခြေလှမ်းရည်တွက်လို့ ဘယ်ကွေ့ ညာကွေ့ တံခါးလှပ်..အားလုံးအော်တိုငုတ်တုတ်
ရတယ်ဗျို့ ..။
ဒီလိုနဲ့ ချိုင်းမိုင်ရောက်တော့ ထိုင်းလူမျိုး( ရှမ်းနက်လူမျိုး)မိသားစုအိမ်မှာ အဆောင်သဘောမျိုးနေတာပါ။
အဲဒီမှာ ၄ နှစ်လောက်ကြာသွားတယ်။မိသားစုဝင်တယောက်လိုဖြစ်သွားတာ..။အိမ်ကလည်း အပြင်ကနေ ကြည့်ရင်၂ထပ်၊ ဒါပေမဲ့အထဲမှာ ၃ထပ်ရှိတယ်။ကျမကအောက်ဆုံးထပ်မှာ တံခါးပေါက်ကလည်း၃ပေါက် ရှိတယ်။မိသားစုလည်းနဲတယ်။ ကျမတယောက်ထဲအောက်ဆုံးထပ်မှာအပိုင်စားရတာပေါ့..။ဧည့်ခန်း၊ထမင်း
စားခန်း၊ရေချိုးခန်းအိမ်သာ..ဒါတွေတဦးတည်းမူပိုင်ယူထားတာ..။သူတို့ တွေက သူတို့ အခန်းထဲမှာရှိကြ တယ်။ထိုင်းတွေသိတဲ့အတိုင်း ဝယ်စားကြတာဘဲ သူတို့ ထမင်းစားရင်ခြံထဲကခုံပေါ်မှာစားကြတယ်။အိမ်
ကဲပါလေ..လိုရင်းကိုရောက်တော့ဘူး..ညညအိပ်ယာကနေခြေလှမ်း၂လှမ်းကနေစရပါတယ်။တံခါးဂျက်ဆီ
ရောက် ဆွဲဖွင့်၊အခန်းထဲကနေထွက်လာတာနဲ့ ဧည့်ခန်းကိုဖြတ် ခြေ၅လှမ်း၊ ထမင်းစားခန်းလှေခါး ၃ ထစ် ကိုတက်၊နောက် ၅လှမ်းလောက်လှမ်းပြီးရင် တံခါးဖွင့် အိမ်သာကကပ်ရပ်ကို တွန်းဖွင့်ကိစ္စပြီးရင် ဘယ်ဖက်
ကိုနောက်၃လှမ်းလောက်ဆိုရင် ရေခဲသေတ္တာရှေ့ ရောက် ဆွဲဖွင့် ရေသောက် ပြန်ပိတ်၊ဟား....မျက်စိ
ကျယ်ကျယ်မဖွင့်ရဲဘူး..မီးရောင်နဲ့ စူးသွားပြီး ပြန်အိပ်ရခက်မှာစိုးလို့ ...။ သာသာလေး မပွင့်တပွင့်လေးဟ၊ တံခါးနားရောက်ရင်ပြန်ပိတ်အထဲဝင် မှတ်ဥာဏ်လေးပြန်မှတ် ၁ ၂ ၃ ၄ ၅ လှေခါးထစ်ရှိတယ်။
နောက် ၁ ၂ ၃ တည့်တည့်ပြန်သွား...အဟီး..ဒီလိုနဲ့ အခန်းကိုပြန်ပြီးအိပ်တာ..ဇိမ်ကိုကျလို့ ....။
သေးပေါက်လိုက်ရေသောက်လိုက်နဲ့ မယ်မီးညဘဝကြီးက..သံသာရာလည်နေတာပေါ့...။ဒီလိုနဲ့ တနေ့ ကျ
တော့..ပုံမှန်အတိုင်းပါဘဲ ရေအိမ်အထဲအထိ..ပုံမှန်..ပြန်ထွက်လာပြီးမှ ဘယ်ဖက်၃လှမ်းဆိုရင်ရေခဲသေတ္တာ
ရှေ့ သွားရမဲ့နေရာကြတော့ သွားတာကတော့သွားတယ် ကွေ့ ဝိုက်ပြီးသွားတယ်ဗျ..ပုံမှန်ဆို ညာဖက်လက် နဲ့ ရေခဲသေတ္တာကိုဆွဲဖွင့်ကြတယ်လေ..ခုတော့ လူက ရေခဲသေတ္တာရှေ့ တည့်တည့်မရောက်ဘဲ ဘေးကနေ
ဘယ်လက်နဲ့ လှမ်းပြီးကျော်ခွဖွင့်ပါတယ်...(ထူးဆန်းလေစွ..) အထဲကမီးရောင်နဲ့ ...ရေခဲသေတ္တာရှေ့တည့် တည့်မှာခွေနေတဲ့ ကိုရွှေမြွေကြီးကိုတွေ့ လိုက်မှ..အိုး...လာ..လား...မျက်မှေးလေးလုပ်ထားတဲ့ မျက်စိ၂လုံး
ပြူးကျယ်ပြီးထွက်ပြေးတာမှာတန်းနေတာဘဲ..အပေါ်ထပ်ကအခန်းတွေအားလုံးသွားထု..အားပါးတရအော်
ဟစ်..ဝက်ဝက်ကွဲလိုက်တော့တယ်...
နို့မို့ ရင်...သူ့ ကိုတက်နင်းမှာအသေအချာဘဲ..ဘာဖြစ်လို့ ..ချော်တောငေါ့ပြီး ကွေ့ သွားရသလဲဆိုတာကို
လည်းခုထိ ကိုယ်ဖာသာကိုယ်နားမလည်သေးဘူး..ကဲ..ကျမရဲ့ sixth sense လို့ ဘဲဆိုရတော့မယ်ပေါ့နော်.။
နောက်တခုက (sixth sense )တော့ဟုတ်ဘူး..ကျမရဲ့ အူကြောင်ကျားပါ...တညအိပ်နေတုံး..လည်ပင်းမှာ
တခုခုယားကျိယားကျိနဲ့ ဖြစ်လို့ လက်နဲ့ သပ်လိုက်မိတယ်။လက်အထိအတွေ့ ကိုသိလိုက်တော့ ကမန်းက တန်းမီးထဖွင့်ကြည့်မိတယ်..အိုး...ကင်းခြေများကောင်ကြီးလေ..လက်တထွာလောက်ရှည်တယ်...။
အဲဒီနေ့ ကသူငယ်ချင်းတယောက်လာအိပ်လို့ သိပ်မကြောက်မိဘူး။သူနဲ့ ဧည့်ခန်းဆိုဖာပေါ်မှာသွားအိပ် ကြရတယ်လေ..။အိမ်ရှင်မှာသား ၂ယောက်ကောင်လေးရှိတယ်..အကြီးကောင်လေးကိုဖမ်းခိုင်းထားလိုက်
တယ်။ညနေအလုပ်ကပြန်တော့ သူက ပြောတယ်တဲ့။ ပီမီးမီးရေ အဲဒီအကောင်ကအမ သူ့ ခလေးတကောင် ပါထပ်မိတယ်တဲ့..။ ဟေ..ဒါဆို သူ့ ယောက်ကျားအထီးကိုပါရအောင်ရှာ မရလို့ ကတော့ ငါပြောင်းမှာနော်..။
ဟင်းဟင်း...ကိုယ်က သူတို့ အိမ်မှာ essential;extremely important.မရှိမဖြစ်လိုအပ်သောပုဂ္ဂိုလ်လေ၊
သူတို့ အဖွားကို ချေးဝတ်သေးဝတ်ကအစ လိုက်လုပ်ပေးတယ်။အတူတူနေတော့ သံယောဇဉ်တွေလေ..။
(အိမ်ရှင်အမျိုးသားကတောကျောင်းအုပ်၊အမျိုးသမီးကချိုင်းမယ်က ယောက်ကျားလေးကျောင်း တခုမှာ
ထမင်းဟင်းရောင်းတယ်၊ကောင်လေး ၂ယောက်က ကျောင်းသား မနက် ရနာရီဆိုသူတို့ တွေတယောက် မှမရှိတော့ဘူး..၊အဖွားက ရဝကျော်ရှိပြီ သူ့ ဖာသာသူလုပ်တဲ့ ချိုင်းမယ်ကဝက်အူချောင်းတွေဟင်းတွေကို
လမ်းထိပ်မှာလင်ပန်းလေးနဲ့ သွားရောင်းတယ်။တနေ့ တော့ ဆိုင်ကယ်ပွတ်သွားပြီး ပေါင်ရိုးကျိုးသွားတာ။
ကျမဘဲ ပြုစုပေးမဲ့သူရှိတယ်။ညနေ အလုပ်ကပြန်ရင် ကျမအခန်းရှေ့ မှာ စားစရာလင်ပန်းလေး ချထားပေး တယ်။ရေချိုးပြီး အပေါ်တက်အဖွားနဲ့ စားတာပေါ့။ သူတို့ တွေညည ဘယ်အချိန်ပြန်လို့ ဘာတွေစားကြမှန်း
တောင်ကျမသိပ်မမြင်ဘူးပါဘူးဆို...တကယ်ဘဲ။မနက်ဆိုလည်း ကားသံဆိုင်ကယ်သံဘဲကြားလိုက်တာ။
အဆောင်ဖိုးပေးရတာက ဘတ်တထောင်ထဲ..အရမ်းပိုင်တာဘဲနော်..တံမျက်လှည်း၊အိမ်သိမ်း၊ခြံရေလောင်း
ဒါတွေအားလုံးလုပ်တယ်...ကိုယ်နေတဲ့နေရာဟာဘာဘဲဖြစ်ဖြစ် ကိုယ့်နေရာဘဲလို့  သဘောထား လိုက်ပါ တယ်လေ..။)
ကဲ...ဘေးချော်သွားပြီ..နောက်မှ အိမ်ရှင်အမကြီးနဲ့ သူတို့ အစားအစာတွေလုပ်ကူရင်း ရလာတဲ့ အတွေ့  အကြုံတွေမျှရသေးတာပေါ့..ခုတော့..စထားတဲ့အကြောင်းလေး..ဆက်အုံးပါမယ်လေ...:)))ကောင်လေးစိတ်
တွေညစ်သွားတယ်...။ကျမလည်းဂျီကျတယ်..အထီးမရှိဘဲနဲ့ ဘယ်လိုလုပ်ခလေးကရမှာလဲလို့ ဟုတ်လား။သူ တို့ တအိမ်လုံးရှာရတယ်..နောက်ဆုံးရှာမရတော့ ကျမ အလယ်ထပ်က ကောင်လေး အကြီးရဲ့ အခန်းကို အ ပိုင် စားရလိုက်တယ်..ရေချိုးခန်းအိမ်သာတွဲရပ်လေးနဲ့ ...ဟူး................... :P
ကျေးဇူးတင်လိုက်တာ...ကင်းခြေများ သားအမိရေ..ခြေလှမ်း၎လှမ်းလောက်နဲ့ လိုရာရောက်သွားနိုင်ပြီ။
အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေရှင်~~~
မီးမီး