Saturday, October 26, 2013

Heineken ကြက်သားရို့ စ်၊ငါးဟင်းများနဲ့ ဟိုဟိုဒီဒီ..

မင်္ဂလာပါရှင်~~~
အစားအသောက်အကြောင်းလေးဘာလေး အာလူးမဖုတ်ရတာကြာပေါ့နော်...။
အမှိုက်ပုံးကိုခဏထားပြီး ချက်စားဖြစ်ခဲ့တာလေးပြောအုံးမယ်။ ကျမချက်တာတွေကတော့ တကယ်ပါရှင်..
ရေခဲသေတ္တာထဲရှိတာအခြေခံချက်တယ်လို့ ဆိုရမှာပါ။ ရှိတာလေးတွေနဲ့ ကြံဖန်ရတာများပါတယ်။

အကျင့်တခုလုပ်ထားတယ်လေ။ ရေခဲသေတ္တာထဲက အားလုံနီးပါးပြောင်စင်မှထပ်ဝယ်ထဲ့ဖို့ ပါ။ 
ကျမတို့ အိမ်ရှင်မတွေအားလုံးနီးပါးတဲ့၊ အိမ်မှာနဲနဲကျန်နေသေးရင်ထပ်ဝယ်လာ၊အသစ်ရောက်တဲ့ဟာသုံး၊
ကျန်တာတွေမကုန်တာနဲ့ ပေါင်း ပစ်ရမလိုလို နှမြောသလိုလိုနဲ့ ဆက်သိမ်းထား နောက်ဆုံးတော့ဝဲပစ်ကြ
တာဘဲတဲ့။ ရက်လွန်တာတွေစားမိလို့ ဘေးဖြစ်တာလည်းမနဲဘူးတဲ့..။ ဒီကကျမ်းမာရေးစာစောင်တခုမှာ ဖတ်မိတာပါ။ အိမ်ထောင်စုတခုရဲ့ အလေအလွင့်က ရေခဲသေတ္တာထဲမှာအများဆုံးဆိုဘဲ..။

ကဲ...ကျမလည်းဈေးသွားဝယ်ဖို့ ရက်ကိုဆွဲဆန့် ပြီးကျန်တဲ့ကြက်ပေါင်လေး ၃ တုံးကိုကြံဖန်ရပြီတာပေါ့ ။
ပဲငံပြာရည်လည်းဖင်ကပ်ဘဲကျန်တယ်။ဟင်းချက်တဲ့ဝိုင်လည်း နိုးတူးတဲ့..။ အဲ.. Heineken Beer တဗူးတွေ့ 
တာနဲ့ ကျမရဲ့ ကြက်သားလည်း ဒီလိုဖြစ်သွားတာပေါ့...။ အသားတတုံးကို၂ပိုင်းစီခုတ်ထစ်ပြီး ဂျင်း၊ကြက်သွန်
ဖြူ၊အမှုန့် နဲ့ ဆား၊ငရုပ်ကောင်း၊ခရုဆီ တွေအားလုံးပေါင်းပြီးခဏနှပ်ထားလိုက်တယ်။

ပြီး ဆီနဲနဲပါလေရုံဘဲ(မျက်ရည်စက်လေး ၃စက်လောက်ပေါ့..ဟီး) အဲဒီထဲကြက်သားကိုလုံးပြီး မွှေးလာရင်
ဘီယာဗူးဝက်လောက်လောင်းထဲ့ မီးအေးအေးလေးနဲ့ တည်။ ရေကျန်လေးမရှိတရှိမှ ပါးပါးလေးကွင်းထားတဲ့
သံပုရာသီး ၃-၄ ခြမ်းလောက်နဲ့ တရုတ်နံနံလေး အပေါ်ကနေဖြူးပြီးတချက်လောက်မွှေတာနဲ့ ချလိုက် တာဘဲ။ မြန်လည်းမြန်တယ် စားလို့ လည်းကောင်းတယ်..။ဘာနည်းလဲလို့ မေးရင်..ဟီးပြောရခက်တယ်။

ရှိတာနဲ့ ချက်ပါတယ်ဆို...။အနှီသံပုရာကဘာလို့ ပါရသလဲဆိုရင် အီမှာစိုးလို့ ..အရသာအချဉ်မထွက်ပါဘူး။
နောက်ချက်စားခဲ့တာတွေကတော့ ကျိုင်းတုံပြန်တုံးက တခါခါအိုးသူကြီးလုပ်ခဲ့တာလေးတွေပါ...။
အင်းသားဟင်း..လေ ငါးနဲ့ ဂျုးမြစ်ရေပြန်ဟင်း...ဟီး.. ^_^  အဲဒီအရည်လေးကိုထမင်းနဲ့ ဆမ်းပြီးစား...ဂွတ်..

ငါးနဲ့ ငရုတ်သီးချက်...
ဒါကငါးခူဟင်း...ပုံမှာပါတဲ့ အရွှက်တွေအားလုံးထဲ့တယ်..။အားလုံးသိကြမှာပါ..။မွေးနေတာဘဲ...။
ဆီကငါးထဲကနေသူ့ ဖာသာသူထွက်လာတာ မထဲ့ဘူး...။
တောသားဟင်းဆိုတော့ ဆီမရှိ၊ကြက်သားမှုန့် မပါ၊အချိုမှုန့် နိုး...
  
 ကျမရဲ့ ငါးကင်...ငါးဥပါရှိတော့ထဲ့လိုက်တယ်..ငါးဒုက္ခလို့ လည်းခေါ်ကြတယ်လေ..
 

(ပြောမိရင်လည်း သူများတွေကျမကိုဝိုင်းပြောကြမှာပါ..နောက်တခါကြုံရင် အသားမှုန့် အကြောင်းပြောချင်
ပါသေးတယ်။ ကျမတော့မသုံးဘူး..နံတယ်ထင်လို့ ။တွေ့ နေတာကတော့ အားလုံးနီးပါးသုံးကြတယ်။
အသုပ်တွေမှာရောသုံးတယ် ။ အသားကိုကြာရှည်ခံအောင်လုပ်ပါတယ်ဆို ဓါတုပစ္စည်းတွေပါပြီပေါ့။
နောက်ပြီး သူ့ အရသာကကြက်သားဆိုရင် ရှိသမျှဝက်၊ဘဲ၊ပုဇွန်၊အကြော်တွေအားလုံးမှာထဲ့တော့ အရသာရောသွားတယ်ထင်လို့ ပါ။အသားကို ဟင်းချက်တဲ့ဝိုင်၊အရက် နို့ မို့ ရင် ဘီယာတို့ နဲ့ ချက်ကြည့်ပါ
တကယ်စားကောင်းတယ် မိတ်ဆွေတို့ ရဲ့ ဟင်းချိုမှုန့် အသားမှုန့် ဟင်းခပ်မှုန့် မလိုပါဘူး..)။
မပြောသေးပါဘူးဆို..နဲနဲတော့ အရာကြီးဝင်ချောင်လိုက်သေးတယ်..ကဲ..လျှာရှည်ပါတယ်ဆို.. @_@
ဒါကတော့ ကျမတူမလေး ရှမ်းခေါက်ဆွဲချက်တာ၊ချက်နည်းတွေတော့အများကြီးပေါ့။ အများသိကြတဲ့ ကျိုင်းတုံခေါက်ဆိန့် ပါ။ ဒယ်အိုးထဲမှာအသားတွေချက်ပြီးအရိုးပြုတ်အိုးထဲပြန်ရောထဲ့တာပါ..။
အဲဒီထဲကနေနဲနဲချန်ထားပေါ့...နောက်ကျမှစားတဲ့သူတွေအတွက်လေ၊ ထိပ်ဆုံးကနေခပ်သွားတဲ့သူတွေဟာ
အသားတွေဘဲရွှေးခပ်ကြမှာလေ..။
ပဲသွေးတွေပါ...။ ဝက်သွေး၊ကြက်သွေးတွေနဲ့ လည်းကောင်းပါတယ်။
အိုးစွမ်းသုတ်...
 ဒါကတော့ရန်ကုန်သူကယ်ချင်းဆီမှာသွားတည်းတော့ တောင်ငူမုန့် ဟင်းခါးတဲ့...
 အသုတ်တခွက်၊အရည်တပွဲ ဒီလိုအားပေးရတယ်...။
သူငယ်ချင်းတွေအားလုံးနီးပါးတောင်ငူသူတောင်ငူသားတွေချည်းပါဘဲ ...
ဒါကတော့ ငါးနဲ့ ချဉ်ပေါင်..ကျမကြိုက်တယ်ဆိုလို့ ချက်ပေးတာ..အသေစားကောင်းတယ်ဗျို့ ..
ခုစာရေးရင်းနဲ့ ..ရှလွှတ် ..: P
 
သူတို့ ကကျမကိုစပယ်ရှယ်ချက်ကြွေးတာ...မနက်စာ အရွှက်ကြော်နဲ့ ပဲပြုတ်ထမင်းကြော်...သဘောင်္သီး

ဒါကတော့ Espresso  သူ့ ရောဂါ...မသေးဘူး....
သူတို့ ပရောဂျက်ပြီးတော့ ကိုဂျာမာန်ကြီးတွေပြန်ကြတယ်လေ..ရုံးခန်းမှာကျန်တဲ့ ဒီ Lavazza Blue
ဆိုတဲ့ကော်ဖီကိုသူတို့ ကျမယောက်ကျားအပါအဝင်ကြိုက်ကြတယ်လေ။ နောက်ဆုံးအမေရိကား
မှာကျန်နေခဲ့တဲ့သူ့ ဆီရောက်လာတယ်..အဲဒါကအရေးမကြီးဘူး...ဆရာ...သူ့ကော်ဖီတွေ တခါခါ မှာရတာချောင်ဘူး...
 
   
စက်ကိုအလကားရပေမဲ့ ကော်ဖီဈေးကြီး :)))
နေရာတခုမှာတော့ဈေးပိုချိုလို့ ..မှာလိုက်တာ..ဒီနေ့ ဘဲရောက်လာတာ...
ခါးကခါးနဲ့ ..ကြိုက်ပါဘူးတော်...အပန်းရောင်ကတော်သေးတယ်..။
ဒီတခါ..သူကနဲနဲပြင်းတာမှာလိုက်တယ်လေ...။
ကဲ...နဲနဲတောင်ရှည်သွားပါကောလား... အိမ်လာလည်ရင်ကော်ဖီတိုက်မယ်ဗျို့ ...ခုတော့ ကျေးဇူးရှင်နဲ့တိုက်ပွဲပြင်းထန်နေတယ်။
Canada,England,Chicago
ဘယ်ပြေးရမှန်းမသိလို့ကိုယ်တော့ နိုင်ငံပြောင်းချင်တော့ဘူး..ပင်ပန်းတယ်...အိုပြီလေနော်...
အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေရှင်~~~
မီးမီး

12 comments:

  1. Look good Mee. .
    make me hungry.....

    ReplyDelete
    Replies
    1. Oh..Really
      next time I cook and send it to you..
      OK...:P

      Delete
  2. မီးမီးတင်တာတွေအားလုံးစားချင်စရာ။
    အစားချင်ဆုံးကဂျူးမြစ်နဲ့ ငါး။
    ငါးခူဟင်း။
    တောင်ငူမုန့် ဟင်းခါး။
    ကင်ပြီးသားငါးကဘယ်မှာတုန်း။ အကုန်စားလိုက်ပြီလား။း)
    အိုင်အိုရာ

    ReplyDelete
    Replies
    1. ဂျုးမြစ်နဲ့ ငါးတော့ခဏခဏလွှမ်းနေရတဲဟင်းပေါ့..
      ငါးကင်ပြီးတော့ အရိုးအရေခွံခွါ၊
      လက်ကပေရေနေတော့ ကင်မရာလည်းကိုင်နိုင်တော့ဘူးလေ..
      အမေ့နေ့ လည်စာက မနက်၁ဝနာရီ၊ အမှီချက်ရတယ်။
      အိမ်ဆောက်နေတဲ့အလုပ်သမားကတဖက်၊
      ဟင်းအိုးကတဖက်၊
      အဟီး..ခဏခဏတူးတာဗျို့း))

      Delete
    2. အိုခေ..အိုခေ..
      တကယ်တော့ဓါတ်ပုံရိုက်ရတာအလုပ်တော်တော်ဖင့်တာနော်။
      ရှီကာဂိုဆိုကောင်းမယ်ကွာ။ အများကြီးရေးစရာတွေရှိလာအုန်းမှာကိုယ်ကြိုက်တတ်တာတွေ။း)
      အိုင်အိုရာ

      Delete
    3. ခုတော့...
      ဘာမှန်းကိုမပြောတတ်သေးပါဘူးလေ..
      :)))

      Delete
  3. မီးရေ..
    ငါးတော်တော်စားနိုင်တာဘဲ..
    :D
    km

    ReplyDelete
    Replies
    1. ဒါဘဲစားစရာရှိနေတာလေ.:P

      Delete
  4. ငါးတွေစားချင်စရာမမီးရယ်...။ စလုံးမှာနေရတာ ဒီတစ်ခုမကောင်းဘူး ငါးရှားတာလေ...း( မမီးဟင်းတွေအကုန်စားချင်စရာပဲ..။ စကားမစပ် တောင်ကြီးကလူတွေ ပန်းရောင်ကို အပန်းလို့ခေါ်ကြတယ်နော်..ဟီးး ။ ကြားစတုန်းက ရယ်ချင်လိုက်တာ ..။

    သတိတရချစ်ခင်လျက်
    ဆုမြတ်

    ReplyDelete
    Replies
    1. ပင်လယ်နဲ့ နီးပြီး..
      ငါးရှားရတယ်လို့ ...နော်..အဟဲ..
      ဒါနဲ့ အခါးရည်ကောသောက်တာကြိုက်လား..
      ရေနွေးကြမ်းကိုလည်းအခါးရည်လို့ ဘဲခေါ်တာလေ..

      Delete
  5. ရေခဲသေတ္တာ...ဟဲ ဟဲ ကျွန်တော့်ရေခဲသေတ္တာကတော့ ဘာမှ မလေလွင့်ပေါင်ဗျာ...ဖွင့်ကြည့်လိုက်ရင် ရေနဲ့ သောက်စရာ ဘာညာကွိကွတွေပဲ ထည့်ထားတာကိုး...

    ကြက်သားကို ဘီယာနဲ့ ချက်တာကတော့ ဟုတ်ပါပြီ...တ၀က်လောင်းထည့်လိုက်တယ်ဆိုတော့ ကျန်တဲ့တ၀က် ဘယ်နားသွားထားလိုက်သလဲဗျို့...ဟိုင်နီကင်က အရသာ တယ်ရှိသနော...း)

    ကော်ဖီခါးခါးရော ချိုချိုပါ မကြိုက်ပေါင်ဗျာ...သောက်ပြီးရင် ရင်တုန်ပါဘိသနဲ့...

    ReplyDelete
    Replies
    1. ဆြာဟန်ကြီးမေးတော့လည်းဖြေရပေါ့လေ...
      ရူးတိုးတိုး..ဗျို့ ..သူများတွေကြားရင်၊
      ပြောစရာ..ကျန်တဝက်က ဒေါ်ကြီးမီးခေါင်းပေါ်ရောက်တယ်လေ..ဟီး
      ဘီယာနဲ့ ဆံပင်ပေါင်းတင်တာကောင်းတယ်ဆိုလို့ ...
      (လူကိုမူးနောက်သွားတာတော့အမှန်ဘဲ)

      Delete