Saturday, November 30, 2013

USရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ထောင်နဲ့ ရှေးကျဆုံးသိပ္ပံပြတိုက်

မင်္ဂလာပါရှင်~~~
နေ့ လည်စာစားပြီးတော့ ခေါင်းလောင်းကွဲကြီးနားတဝိုက်ကနေနောက်ထပ်ဘတ်စ်ကားစောင့်ပြီး ဆက်
ချီတက်ခဲ့ပါတယ်..။တနေ့ စာလက်မှတ်ကဘယ်နှစ်ခါစီးစီးရတယ်လေ..။ ကိုယ်တို့ တော့တန်တယ်။
၎ခါတိတိစီးပစ်လိုက်တာပေါ့...။ မြို့ လည်ခေါင်တဝိုက်လည်း တခြားမြို့ ကြီးတွေလိုပါဘဲ။ ကားတွေကျပ်လို့ 
ပေါ့ရှင်...။
တကယ်ဆို ဒီနေရာကနေစပြီးစီးမယ်ဆိုရင် ပိုအဆင်ပြေတယ်လို့ ပြောတာဘဲ..။ဈေးထဲမှာစားသောက်ဝယ်
ချမ်းလို့ ရတယ်..။
အဲဒီနေရာမှာ ခဏကားရပ်တော့ ပိုက်ဆံတောင်းနေတဲ့ဂီတာတီးလူမည်းတယောက်ကိုတွေ့ မိတယ်။
လူမည်းတွေလည်းများလိုက်တာ..
ဒီမြို့ လေးက... လမ်းတွေကတော့ အရမ်းလှနေတာပါဘဲ...။
Hard Rock cafe...ကဂီတာကြီးကလည်း လည်နေတယ်...
ကျမတော့ မြို့ ထဲကဆို..ဟိုးရှေ့ ကလှမ်းမြင်ရတဲ့ city hall ကြီးအပေါက်ကနေဖြတ်သွားရတဲ့ လူသွား
လမ်းကိုသဘောကျတယ်..။ပထမနေ့ ကအဲဒီကနေဖြတ်ပြီးလမ်းလျာက်ခဲ့တယ်လေ..။

တွေ့ လား...အရမ်းမိုက်တာနော်..အထဲကနေအပေါ်ကိုမော့ကြည့်လိုက်ရင် အရမ်းသားနားတာဘဲ...။
ကဲ..လမ်းမကြီးဖက်ရောက်လာပြီ..ဒီမြို့ ရဲ့ အလှဆုံးလမ်းမတန်းကြီးပါဘဲ....ရှေ့ တည့်တည့်မှာ အနုပညာပြတိုက်ရှိတယ်လေ...လမ်းတဖက်တချက်မှာတော့ နိုင်ငံတကာအလံတွေတွေ့ ရတယ်။
ကဲ..Eastern State Penitentiary လို့ ခေါ်တဲ့ထောင်ကိုရောက်ပြီ။
၁၈၂၁ ခုနှစ်မှာစတင်တည်ဆောက်ပြီး ကြီးမားတဲ့ရာဇဝတ်မှု ကျုးလွန်သူတွေကိုထားတဲ့နေရာဟောင်း..
အထဲမှာ အေးစိမ့်ပြီးကြောက်စရာကောင်းတယ်...
သူတို့ ရဲ့ အချုပ်ခန်းထဲကအိမ်သာအိုး..
စကားမစပ်..ဒီနေရာရောက်တာနဲ့ ကင်မရာကဓါတ်ခဲကုန်သွားလို့ ဖုံးစုတ်လေးနဲ့ ဘဲမှတ်တမ်းတင်ထားနိုင်ခဲ့
ပါတယ်လေ..။
ထုထည်ကကြီးမားတယ်..အဲဒီခေတ်ခါကာလမှာတော့ ဒီအဆောက်အဦဟာ အရမ်းကြီးကို ခေတ်မှီတဲ့ စတိုင်
ကျတဲ့ လက်ရာအဆောက်အဦတခုပါ..။
အပေါ်ထပ်ကနေအောက်ကိုလှမ်းမြင်ရတာ...
တချို့ နေရာလည်းစုတ်ပြတ်သတ်နေပါပြီ..။ ကျမလည်းမြန်မာပြည်ကထောင်တွေတခါမှ မရောက်ဖူးတော့
ဘယ်လိုကွားခြားသလဲဆိုတာမပြောပြတတ်ပါဘူးရှင်..။
သူတို့ ပြောပြတဲ့ ရက်စက်တယ်ဆိုတာ..စကားပြောတာနဲ့ တိုက်ပိတ်ခံရတယ်တဲ့..။စည်းကမ်းကြီးတယ်ပေါ့။
သူတို့ ရဲ့ heater ..ဒီနေရာမှာနံမည်ကြီးဆုံးကတော့ ဘဏ်ဓါးမြ Willie Sutton and Al Capone ဆိုတဲ့ လူတွေကို ထားခဲ့တာလည်းပါတယ်..။သူ့ အခန်းမှာ ကျကျနန ပန်းချီကားနဲ့စာအုပ်စင်နဲ့ မီးအိမ်နဲ့ ဟိုတယ်
ခန်းလိုဘဲ..(အင်း..ဒါလည်းဟို..ကိုယ်တို့ ဆီက ဟိုးတလောကမှ ထောင်ကနေထွက်လာတဲ့ လူဂျီးမင်း
များတွေနေခဲ့သလို ဖြစ်ချင်လည်းဖြစ်မှာပေါ့နော်..) အဟီး..ရှည်ပြီ....နဲနဲတော့အတွန့် ပါတတ်တယ်ဗျို့ ..။

ဒီပုံကတော့ကိုယ်တိုင်ရိုက်တာဟုတ်ဖူး...google ကနေ ကလစ်တချက်ဆွဲလာပြတာ..:P
တကယ်တော့ တခြားစနစ်ကျတဲ့ ဘယ်လိုပြောရမလဲ အပြစ်ဒဏ်ပေးတဲ့စနစ်တွေကြောင့် ကမ္ဘာတလွားက
ထောင်တွေရဲ့ စံပြဖြစ်ခဲ့ရတယ်လို့ ပြောပါတယ်..။
ကျမတော့ ဒီခွေးကိုဘဲသဘောကျတယ်..သူ့ မိန်းမရဲ့ ကြောင်ကိုကိုက်သတ်လို့ ထောင်ချခြင်းခံရပါတယ်တဲ့။
အော်..ဘယ်သူရှိရမလဲ..Governor ကြီးတဲ့..ဟီး..ရာထူးကြီးလေ..အီးပေါလောထလေလား...အဲ.. ^_^
ဒါကတော့ တိုက်ပိတ်ခံရတဲ့နေရာ..မြေအောက်ခန်းမှာ..သေဒဏ်ချခါနီးလူတွေထားတယ်တဲ့..။
ဂိုက်ရှင်းပြနေတာ..သရဲတွေဝိညဉ်တွေဆိုတာ ရှိတယ်တဲ့...သတ္တိခဲကြီးမယ်ငီး ခဏဘဲနေတယ်...လေ
တန်းနေအောင်.ပြေးထွက်ခဲ့တာဘဲ..
သူတို့ ဧည့်သည်လက်ခံတွေ့ တဲ့နေရာတဲ့...
အထဲမှာ ရုပ်ရှင်ပြထားတယ်..သူတို့ ဘယ်လိုခံရတာတွေ..ဘာတွေ..ပြောနေတာပါ..။
ကြောက်စရာခြောက်ခြားစရာကြီးပါဗျာ...တာတာလုပ်ပြီးပြန်ထွက်ရအောင်...မဟုတ်တာလုပ်တဲ့
သူတွေဘဲသွားကြပေါ့..အဲ..ဒီလိုလည်းမဟုတ်သေးပါဘူးလေ...ကိုယ်တို့ ဆီမှာ တော့ဟုတ်တာရော မဟုတ်တာရော အားလုံးပို့ လိုက်တာဘဲတဲ့...မဆီမဆိုင် လက်ပံဓါးနဲ့ ချိုင် ကိုယ့်အဖေကြီးတောင် ၁၉၆၂-၁၉၆၃ အာဏာသိမ်းတော့ (ပေးတဲ့ဆင်ခြေပေးပြီးယူတာပေါ့လေ) ဘာတဲ့ အိမ်စောင့်အစိုးရ..
ဆိုလား... အိမ်ဖျက်အစိုးရကြီးပါဗျာ...ဘဝပေါင်း သန်း၆ဝ ရဲ့ အိမ်ကိုဖျက်လိုက်တာ.. ကိုယ်တို့ 
လည်းပါတယ်လေ..အဖေသူ့ ဖာသာသူပိုက်ဆံရှာလို့ ရှိတာလည်း တနှစ် အထိမ်းသိမ်းခံရတယ်တဲ့..

(စူဇကာပုဒ်မနဲ့ ...ဆိုဘဲ..ကျုပ်တော့ဆူကာသီးဘဲသိတယ်..ဒါဗြဲ..^_^ )

ကဲ...ထောင်ကထွက်လာတော့..ဟီး..အဖေ..ဟုတ်ဘူး..မယ်ငီးတို့ Tour ထွက်တာကိုပြောတာ..
နောက်ထပ်ဘတ်စ်ကားထပ်စီးပြီး သိပ္ပံပြခန်းသွားကြတယ်။ ဒါပေမဲ့ပိတ်သွားလို့  ပြန်လာလိုက်ရတယ်လေ။

အေးကလည်းအေး..လေကလည်းတိုက်နဲ့ ..နောက်နေ့ မှ Franklin Institute ကိုရောက်တာ..
ပြတိုက်မှာတော့ ကြည့်ရူစရာတွေများလွန်းလို့  ဘယ်ကနေစပြောရမှန်းတောင်သိတော့ဘူး..
မီးရထားစက်ခေါင်းကြီးကတော့ အင်္ဂလန်ကနေဘယ်လာတာတဲ့...
ကြုံးတုံးလေး..လေယာဉ်ပျံတက်မောင်းကြည့်တာ...ဟီး..ဂွတ်...
ကျမစိတ်ဝင်စားခဲ့တဲ့အရာတွေဘဲပြောပြတော့မယ်...သိလားဒီကိုယ်တော်လေ...သူ့ ဖိနပ်ဆိုက်က ၂၂ တဲ့..
မယ်ငီးတော့ အမျိုးသမီးတွေစီးတဲ့ ၆ ဆိုတာ မတော်လို့  ကောင်မလေးတွေဖက်မှာသွားငမ်းရတယ်
၅ နဲ့ တခါတလေ..၅.၅ ဆိုရင်..ရတယ်.. ကိုကို့ ဖိနပ် ၂၂ ဆိုတာကြီးနဲ့ တချက်မိရင် တခါထဲဂန့်  သွားနိုင်တယ်..အောင်မလေး...လူ့ ဘီလူးကြီးရေ...ဘတ်စကက်ဘောချန်ပလုံတဲ့.. :P
နောက်တခုက ဓါတ်ပုံပြခန်း...အကောင်းဆုံး ဓါတ်ပုံတွေထဲက ဒီပုံကိုသဘောကျတယ်...
င်္ခြသေ့ထီးရဲ့ မျက်လုံးက သိပ်ကြောက်စရာကောင်းတာဘဲ....
ဟား...ဒီအပ်ချုပ်စက်ကို သူတို့ မှာတော့ တခေတ်ခါကာလကအသုံးပြုခဲ့ဖူးလို့ 
ပြတိုက်မှာပြထားရတယ်။ကျုပ်တို့ တော့ ခုထိဒါလေးဘဲချောင်းဂျင်းချောင်းဂျင်း နဲ့ နင်းကောင်းတုံး...ဟီး...

နဲနဲခပ်မြန်မြန်လေးနဲ့ တိုတိုဘဲအာလူးဖုတ်တော့မယ်...
နောက်ထပ်လာစရာတွေရှိသေးဗျား...ဖလောရီဒါပြည်နယ် ၆ရက်သွားခဲ့လို့  ကြားထဲမှာပြတ်သလိုဖြစ်သွားတာ ခွင့်လွှတ်ပါလို့ ....နော်...မိတ်ဆွေများ...

ကျမနဲ့ အတူနေ့ လည်စာကိုစားပြီးဒီ Philadelphia တကယ်ဇတ်သိမ်းလိုက်ပါပြီနော်...
ဟင်းသီးဟင်းရွှက်တွေဘဲစားတတ်တဲ့တောသားလေဗျာ..
အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေရှင်~~~

10 comments:

  1. ထောင်ကြီးက ကြည့်ရတာ အေးစိမ့်စိမ့်နဲ့ :)

    ReplyDelete
    Replies
    1. ဟုတ်တယ်..
      ရာသီဥတုကလည်းအေးပြီး၊
      လေကအရမ်းတိုက်နေတော့၊
      ပိုဆိုးတာ..

      Delete
  2. ထောင်ကလည်းမြို့ လည်ခေါင်ကြီးမှာနော်။ ဟိုးတုန်းကတော့မြို့ ပြင်မှာနဲ့ တူပါရဲ့ ။
    ကြောက်စရာကြီး။
    ကိုယ် ဆန်ဖရန်စစ်စကို က Alcatraz ထောင်သွားလည်တုန်းကလည်း နံမည်ကြီး
    Al Capone ကိုထားခဲ့တယ်လို့ သိရတယ်။
    ကြည့်ရတာ Alcatraz ကိုနောက်မှပို့ တာဖြစ်ရမယ်။ ဘာလို့ ဆို Alcatraz က
    San Francisco Bay ထဲမှာဆောက်ထားတာ။ ထောင်ဖေါက်ပြေးရင် အေးစိမ့်နေတဲ့ ရေကိုအကြာကြီးဖြတ်ကူးရမှာဆိုတော့ဘယ်သူမှအရှင်မလွတ်နိုင်ဘူးတဲ့။ နံမည်ကြီးတွေကိုထားတာတဲ့။ ဒါတောင်လွတ်သွားတဲ့သူရှိသေးတယ်တဲ့။၊ စကားချပ်..ဟီးဟီး..
    မီးမီးနဲ့ လိုက်လည်ရတာပျော်လို့ ထပ်ခေါ်အုန်းနော်။ ဖလောရီဒါသွားရင်လည်းလို်က်လည်မယ်နော့်။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. ဟုတ်မှာ..စာထဲမှာတော့ သူက 1929 မှာ နေခဲ့ပြီးမှ
      Alcatraz on August 11, 1934, San Francisco ကိုပြောင်းရွေ့ လိုက်တယ်တဲ့
      ပုံထဲကသားသားနားနားအခန်းကသူ့ အခန်းပေါ့..
      လာဘ်ပေးပြီးနေတဲ့ ဂိုဏ်းစတားကြီးပေါ့
      ဖလောရီဒါ..ကြီးကိုစထားပြီးမပြီးနီုင်သေးလို့ ပါ...အဟီး
      တွေ့ ပုချိ... :P

      Delete
  3. I had fun with you!! Ma Mee Nage. I am waiting for the Florida tour.
    Khine

    ReplyDelete
    Replies
    1. Sure ...my dear Lady Khine...
      I try to make very detail all the points.
      Because someone who wants to go there, ask me .....
      :D

      Delete
  4. အရမ်း စုံတာပဲ။ FL trips အကြောင်း မြန်မြန် ရေး ပါဗျို့ ။ lol..

    ReplyDelete
    Replies
    1. Coming soon...be patient my little young man :)))
      စကားမစပ်...အိုးစွမ်းသုပ်စားကြတယ်လို့ ခိုင်လုံတဲ့သတင်းရပ်ကွက်
      ကသတင်းရထားပါသည်...။ စားချင်ထှာ..ကွာ..

      Delete
    2. နောက် တစ်ခါ သုပ် ရင် ခေါ် လိုက် မယ်။ သ တင်း သွား နှူံး က မြန် လိုက်တာ

      Delete
    3. ဟီး...အင်တာနက်ခေတ်လေဗျာ...

      Delete