Wednesday, March 5, 2014

Magic Kingdom(Walt Dinsey) အထဲသွားလည်ရအောင်..

မင်္ဂလာပါရှင်~~~
ဒီတခါတော့ Magic Kingdom ထဲဝင်ကြရအောင်လေ။ ဝင်ဝင်ချင်း ဘယ်ကစလို့ ဘယ်လိုလှမ်းရမှန်းတောင်
မသိပါဘူး ဆိုတာမျိုး၊ ဖုတ်ဖက်ခါထသွားလည်လိုက်ရပါတယ် ဆိုတာမျိုးတွေနဲ့ ကင်းလွှတ်အောင် နဲနဲရှင်း
ပြရအုံးမယ်။ ဒီနေရာလေးတခုကိုတော့ မယ်ငီးတကယ်ဘဲ recommend ပေးပါတယ်။ လေ့လာပြီးသွားမှ
အဆင်ပြေမဲ့ခရီးတခုပါရှင်...။

ဒီ Magic Kingdom မှာအဓိက အပိုင်းကြီး ၆ပိုင်းခွဲထားပါတယ်။ တပိုင်းစီမှာ နံပါတ်လိုက် နေရာတွေနဲ့ မှတ်
ရလွယ်အောင်မြေပုံတွေထားပေးပါတယ်။ နံပါတ် ၁ ကနေ ၇၈ အထိဆိုတော့ စားသောက်ဆိုင်အပါအဝင်
စုစုပေါင်း ၇၈ နေရာရှိတယ် ဆိုပါတော့။ ကဲ..တရက်ထဲနဲ့ ဘယ်လိုဝင်ကြမှာလည်း...။

  • 1.Main street           1-13
  • 2.Adventure land     14-24
  • 3.Frontier land         25-33
  • 4.Liberty square       34-41
  • 5.Fantasy land         42-66
  • 6.Tomorrow land      67-78
ကျမတို့တော့ ၆ ပိုင်းထဲမှာ တပိုင်းနဲနဲစီရောက်ခဲ့ပါတယ်။
ပထမအပိုင်းက ရှေ့တည့်တည့်က မြင်ရတဲ့လမ်း လူတွေပြည့်နေတဲ့လမ်းပေါ့။ လမ်းတဖက်တချက်မှာ စားသောက်ဆိုင်နဲ့ ဈေးဆိုင်တွေများပါတယ်။ လမ်းတလျှောက်မှာ Mickey Mouse နဲ့ဓါတ်ပုံတွဲရိုက် လို့ရတယ်။ သူတို့တသိုက် အဲ...နေရာနားမှာဘဲ ရှိနေကြပါတယ်။ ဒါလည်းတန်းစီပါ ခင်ဗျ...။
ဘေးဖက်ကိုမျှော်ကြည့်ရင်တော့  Theater နဲ့ဈေးဆိုင်တွေရှိပါသေးတယ်။(ပုံထဲမှာ လမ်းဘေးမီးတိုင်ရဲ့ အပေါ်လုံးကပ်ရပ် ကောင်မလေးတယောက်ကို မြင်ရမှာပါ) အဲလို စလွယ်သိုင်းနဲ့ ခေါင်းပေါ်မှာ Crown နဲ့၊ အလှပြင်သေတ္တာငယ်လေး ဆွဲလို့၊ အလှမယ်လိုလို ဘာလိုလို ဒီလိုပြင်ဆင်လာတာ ဆယ်ကျော်သက်
ကောင်မလေး ရာနဲ့ချီပြီးမြင်ရလိမ့်မယ်။ တော်တော်များများပါဘဲ ခလေးရော လူကြီး လူအိုတွေပါမကျန်
အနဲဆုံးတော့ Micky Mouse ခေါင်းစီးလေးကိုယ်စီနဲ့ပါ၊ ပျော်စရာလာရှာကြတာဆိုတော့ ပျော်ပျော်ပါးပါး
ပြင်ဆင်လာကြတယ်။ ခလေးတွေကို အမေတွေက ကွင်းထဲလည်းရောက်ရော အတင်းအင်္ကျီတွေလှဲပေး ကြတယ်။ ပြင်ဆင်ပြီးယူလာတဲ့ဆင်ဒရဲလား ဝတ်စုံတွေပေါ့ ကောင်လေးတွေကိုလည်း Micky Mouse
အင်္ကျီတွေဝတ်ကြ၊ တချို့ခလေးတွေက အော်ငိုကြနဲ့၊ ရီလည်းရီရပါတယ်..။
ကျမက ဝင်ဝင်ချင်းအပေါ်ကနေတက်ပြီးကွင်းကိုခြုံငုံကြည့်တာပါ..ဒါကတော့ အပြင်ဖက်က ဂိတ်ဝနေရာ..
ဓါတ်ပုံတွေရိုက်ကြတဲ့နေရာပေါ့..အဝင်ဝကနေရာ အရင်ဆုံး ရထားနဲ့ပတ် ကြည့်မယ်ဆိုပြီး ရထားပေါ် တက်ကြပါတယ်။
စိတ်ထဲမှာထင်တာက တကွင်းလုံးကိုဘွားကနဲ မြင်တွေ့ရမယ်လို့ထင်တာကိုး..မဟုတ်ပါဘူး၊ အနောက်ဖက် ကနေ ဒီကစားကွင်းကြီးကိုပတ်သွားတာပါ။ တောင်တွေတောင်တွေ တိရစ္ဆာန်အတု၊ အမေရိကမူရင်းနေ ထိုင်သူ ရက်အင်ဒီးယန်း ပုံစံတူတွေ ရထားဖြတ်သန်းရာလမ်းတလျှောက်မြင်တွေ့ရပါတယ်။
ရထားနဲ့ကွင်းကိုတဝက်တိတိပတ်ပြီး Fantasy land မှာဆင်းပါတယ်။ ဘာမှသာမဟုတ်တာ..ရောက်ပြီး ရထားတပတ်ဘဲစီးရသေးတယ်၊နေ့လည် ၁၂နာရီခွဲပေါ့။
ရှေ့မှာ Goofy ရှိတယ်။ မြေပုံထဲမှာ ဂိုက်မခြစ်ထားပေးတဲ့နေရာဆို ဝင်ကိုမဝင်ပါဘူး..ဟင်းဟင်း..
(သူရွှေးထားပေးတာလည်းမနဲမနောဘဲ..လေ)

ဒီပတ်လည်မှာတော့ စားသောက်ဆိုင်တွေဘဲတွေ့ရတယ်။
ဒီအထဲကိုတော့ လူတွေတန်းစီတာသိပ်မများလို့ ဘာမှန်းမသိဘဲဝင်မိတာပါ။ အဝမှာတော့သူတို့မေးပါတယ်။
Micky လား ဟိုဘဲရုပ်ကြီးနဲ့လားပေါ့..အူကြောင်ကြောင်နဲ့ဘာဖြေလိုက်မှန်းတောင်မသိဘူး..။အထဲရောက်မှ
သူတို့ အရုပ်လူတွေနဲ့ဓါတ်ပုံရိုက်ဖို့ တန်းစီနေကြတာတွေ့ရတယ်..။ ကျမတို့ကဖြတ်ထွက်လာတယ်..။ ဓါတ်ပုံမရိုက်တော့ပါဘူး။

ဒီလိုလေးပေါ့...အဟဲ..ကိုယ်တို့အရွယ်နဲ့ကြတော့ ချစ်စရာမကောင်းဘဲ ဆောင့်ကန်ချင်စရာကြီးပါအေ့..
လို့ပြောခံထိနေအုံးမှာ...ဖြစ်ဘူး..လစ်မှ...^_^

အမှတ်တရဆိုင်ကတော့မြင်ဘူးသမျှဆိုင်ထဲမှာအကြီးဆုံးပါဘဲ...
မုန့်တွေတောင် Micky ဖြစ်လို့...
စားချိန်ရောက်ပြီလေ..စားသောက်ဆိုင်ရှေ့လူပြည့်လို့...
ဒီနေရာမှာစားသောက်ဆိုင်အားလုံးကိုကြည့်ပြီးဘွတ်ကင်တင်လို့ရပါတယ်။တော်တော်များများက
ဘွတ်ကင်တင်ထားပြီး ဝင်စားကြပါတယ်..နို့မို့ရင် လည်းတန်းစီရတာပေါ့ရှင်။
(အဖေလုပ်သူက သမီး၂ယောက်ကို ဓါတ်ပုံလေးရိုက်ပေးနေတာချစ်စရာလေး)

ကျမတို့က လူတန်းရှည်ကြီးကိုတွေ့ပြီးအောင်မြင်စွာတပ်ခေါက်ခဲ့ပါတယ်။
ကော်ဖီပုဂံလုံးတွေထဲထိုင်ပြီးပတ်ချာလည်လည်တဲ့နေရာလေ...ကျမတော့ ပြင်ဆင်ထားတာလေးချစ်လို့..
ဓါတ်ပုံလေးရိုက်ခဲ့ပါတယ်။
ကဲ..စားသောက်ဆိုင်တွေမှာလူပါးအောင် တနေရာရာဝင်ပြီးမှ သွားဖို့ဆုံးဖြတ်ပြီး It's a small world
ထဲဝင်ခဲ့ကြပါတယ်။ တန်းကနဲနဲရှည်ပြီး မြွေလိမ်မြွေကောက်ပုံစံနဲ့ တော်တော်နဲ့ လှေထဲမထိုင်ရဘူး...
အထဲရောက်တော့ သီချင်းလေးငြိမ့်ငြိမ့်နဲ့ အပြင်ကပူလောင်နေတာတွေနဲ့တခြားဆီ အေးချမ်းပြီး သာယာ
ကြည်နူးလိုက်တာ....

အရုပ်လေးတွေကသီချင်းဆိုနေတာ...
ဒီသီချင်းလေးပါ..တကယ့်ကို ပျော်စရာကောင်းပြီးခလေးဘဝပြန်ရောက်သွားတဲ့အတိုင်းပါဘဲရှင်...
နောက်ဆုံးတော့လည်း..အားလုံးကို ဘိုင်ဘိုင်..ဆိုခဲ့ရတာပါပေါ့လေ....
အပေါ်ဆုံးတန်းကလူတန်းကြီးက အဝင်အတွက်တန်းစီတာ ..အောက်ကလူတွေတော့ ပြီးလို့ပြန် ထွက်ကြတာ...
ကဲ..ဗိုက်တော့ သံစုံမည်ဟီးနေပြီ... မြန်မြန်ရမဲ့ဆိုင်ဘဲသွားဖို့ ဆုံးဖြတ်လိုက်ရတယ်လေ...
ဆိုင်ထဲက ကောင်တာနားမှာ..ဝင်တာနဲ့ မီးနူးတွေလိုက်ဝေပြီးတန်းစီရပါတယ်။ ပြီးမှစားချင်တာမှာ ပိုက်ဆံချေ နေရာလိုက်ရှာပေါ့...အပေါ်အမိုးက သဘာဝ အလင်းရောင်သုံးထားတာ သဘောကျခဲ့တယ်။
ကျမတို့တော့ ချစ်(စ်)ဗီဇာ ကြက်ကြော်နဲ့ အာလူး...ဒါလောက်ဆို ၂ယောက်လုံလောက်ပါပြီလေ...

ကဲ...ဟိုးဖက်မှာ စင်တင်ပြပွဲရှိတယ်..ဒါလည်းသူ့အချိန်နဲ့သူပြတာပါ..ကိုယ်တို့ကမှတ်ထားရတာပေါ့...
ဒါတောင်ပြေးပြေးလွှားလွှားနဲ့ ခဏလေးဘဲမှီလိုက်ပါတယ်...
နောက်ကျန်သေးတဲ့အပိုင်းတွေကိုတော့ ဆက်ရန်လေးပေါ့ရှင်....တန်းစီစရာမလိုတဲ့အမြန်လမ်း အကြောင်း ကိုနောက်မှ အာလူးလာဖုတ်တော့မယ်ဗျို့.....

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေ~~~
မီးမီး

အရင်ကရေးထားတဲ့ ပထမအပိုင်း...
Dinsey အပန်းဖြေကစားကွင်း

8 comments:

  1. "အမှတ်တရဆိုင်ကတော့မြင်ဘူးသမျှဆိုင်ထဲမှာအကြီးဆုံးပါဘဲ..."
    ဈေး ကြီး တာ လား အ မ

    ReplyDelete
    Replies
    1. ၂ ခုစလုံးပါဘဲ..
      အဲဒီမြို့ထဲမှာ အမှတ်တရရောင်းတဲ့ဆိုင်တွေ၊
      အရမ်းလှတပတလေးဆင်ထားတယ်..
      တွေ့ရင်ဝယ်လိုက်ပါ၊
      ဆိုင်ပုံစံတွေကို Orlando souvenir shops
      လို့ ဂူးဂဲမှာရှာကြည့်တွေ့ရမယ်..
      အထဲကဆိုင်နဲ့ဈေးအများကြီးကွာတယ်..။

      Delete
  2. ပျော်စရာကြီးနော် တီတီမီး နောင် ၄ နှစ်လောက် သမီးကလေး ၅၊၆ နှစ်ရောက်ရင် သူ့ ကိုပို့ ပေးမယ်

    ReplyDelete
    Replies
    1. ကလေးတိုင်းအရမ်းကြိုက်တဲ့နေရာပေါ့..
      ခေါ်သွားပါ..သူတို့ငယ်ဘဝမှာပြောစရာတခုအဖြစ်
      အမြဲရှိနေမဲ့အမှတ်တရ.. နေရာလေးပါ

      Delete
  3. ခလေးတွေတော့တော်တော်ပျော်မယ်နော်။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. ခလေးတွေသာမက..
      ခလေးကြီးဖြစ်တဲ့၊
      ကိုယ်တို့လည်းအတော်ပျော်ဘဲ..
း))))

      Delete
  4. သွားလည်ချင်လိုက်တာ မမီးရယ်..စောင့်ဖတ်နေပါတယ်ရှင့်

    ReplyDelete
    Replies
    1. သွားတာသွား...
      စိတ်လွတ်ကိုယ်လွတ်ပျော်ရတယ်..
      ပေါ့ပါးလန်းဆန်းသွားတာတော့အမှန်....

      Delete