Friday, December 5, 2014

ကျိုင်းတုံမြို့ကစုပေါင်းမဟာအလှူပွဲတော်ကြီး

မင်္ဂလာပါရှင်~~~

အလွမ်းပြေဓါတ်ပုံလေးတွေကြည့်ရင်းနဲ့မိတ်ဆွေများကိုလည်းပြောပြချင်ပါတယ်။ ကျမတို့ကျိုင်းတုံမြို့လေးက နယ်စပ်မြို့ဖြစ်တော့ ပြည်မကလူတွေနဲ့အလှမ်းဝေးပေမဲ့ ထိုင်းတွေနဲ့ပိုမိုနီးစပ်ပြီး ကူးလူးစပ်ဆက်နေကြတယ်
လေ။ ခုနောက်ပိုင်းဆိုပါတော့ ထိုင်းကလူတွေက ဟိုး..သူတို့နှစ်ပေါင်း ၅ဝကျော်ကာလအချိန်( အင်း..ပြော
တော့လည်းနားထောင်လာရတာဘဲလေ) က သူတို့မြောက်ပိုင်းဒေသဖြစ်တဲ့ ကျိုင်းမယ် ကျိုင်းရိုင်းဒေသရဲ့
ရှေးဟောင်းပုံစံဖြစ်နေတဲ့ ကျိုင်းတုံမြို့ကို အရမ်းစိတ်ဝင်စားကြတယ်။ လာလည်ကြတယ်လေ။သူတို့ဘတ်စ်
ကားတွေနဲ့ အုပ်စုလိုက်လာကြတယ်။ ဘုရားတွေလာတည်တယ်။ အလှူတွေလာ လုပ်ကြတယ်။ 

မနက်စောစောဆွမ်းလောင်းတာကို ထိုင်းတွေအရမ်းစိတ်ဝင်စားကြတယ်။ အထူးသဖြင့်ဘုရားကြီးရှေ့မှာ ခဏခဏဆွမ်းလာလောင်းကြတယ်။ ငယ်ငယ်ကဆို အိမ်ရှေ့မှာ ဆွမ်းလောင်းရတဲ့တာဝန်က ကျမတာဝန်
ပေါ့။ ကိုရင်လေးတွေ ဘုန်းကြီးတွေဆွမ်းခံကြွလာရင် အုပ်စုလိုက်ဆွမ်းခံကြွကြတာကိုး..။ ကျမတို့ဆီ က
တော့ဆွမ်းဆိုတဲ့အတိုင်း ဆွမ်းတခုထဲပါဘဲ။ အိမ်တိုင်းနီးပါးလောက် မနက်ဆိုရင် စားပွဲခုံလေးတခုပေါ်မှာ ဆွမ်းအုပ်တခုတင်ပြီး အိမ်ရှေ့လမ်းကနေ စောင့်ပြီးလောင်းရပါတယ်။ကိုယ့်အိမ်ရှေ့ရောက်လာတဲ့သံယာတွေ
ကို ရပ်တော်မူပါအုံးဘုရာ့ ဆိုပြီးတောင်းဆိုရပါတယ်။ ပြီးကိုယ့်ဆွမ်းအုပ်လေးမပြီး အဖုံးလေးလှပ် သံယာ
တပါးချင်းစီကို တဇွန်းစီလောင်းတယ်။ ပြီးရင် မယ်ငီးတော့ ဆွမ်းအုပ်ကိုစားပွဲပေါ်လှမ်းတင် ဆောင့်ကြောင့် ထိုင် ဦးချရှိခိုးရပါတယ်။ အဲဒီမှာဘုန်းကြီးတွေက " ဆပ်ပီ့ တိရော"....ကစလို့.. နောက်ဆုံး"သုခံပလံ"
ဆိုပြီး တခါဆုပေးပါတယ်။နောက်ထပ်ကြွလာမဲ့အသုတ်တွေကိုလှမ်းမျှော်ပြီး စာအော်ကျက် လိုက်နဲ့ပေါ့.။
အဲဒါက ကျမမယ်ငီးရဲ့မနက်ခင်းတာဝန်ဘဲ..။၃တန်းကျောင်းသူဘဝကတဲကလုပ်ရတာနော့်။တောင်ကြီး
ရောက်တော့ ဒီလိုမဟုတ်ပြန်ဘူး.။တောင်ကြီးမှာက ပိုပြီးစောတယ်။ ကြေးစည်တီးလို့ကြွလာကြတာ။
ဘုန်းကြီးကျောင်းတခုဆိုရင် အများကြီးပေါ့..တန်းစီပြီး ဆွမ်းလောင်းရုံဘဲ..။ထိုင်ကန်တော့ကြတာမရှိဘူး။
ရန်ကုန်မှာကြတော့ အတင်းကိုလာရပ်ပြီးမလောင်းမချင်းမကြွဘူး... ဟီး..ရူပ်ကုန်ပြီ.. @_@
ထားပါလေ..လိုရင်းပြန် သွားရအောင်..။

နောက်တခုက မြို့လုံးကျွတ်ဆွမ်းလောင်းတာ..ဒါကြတော့ မနက်အာရုံဆွမ်းထမင်းဟင်းလောင်းလှူတာမျိုးမ ဟုတ်ဘဲလှူဖွယ်ပစ္စည်း ဆေးဝါးတွေလောင်းလှူကြတယ်။ဗမာလိုဆွမ်းကြီးလောင်းတယ်လို့များခေါ်သလားမ
သိဘူး။(ဆွမ်းကြီးလောင်းတယ်ဆိုတာ တခြားအဓိပ္ပါယ်နဲ့ဆို မကောင်းပြန်ဘူးနော်..ဟီး) တခါတလေလည်း
ဗမာအသုံးအနူန်းတွေမှားသွားရင်လည်း သည်းခံပါရှင်။ ကျမက ရှမ်းကနေ တိုက်ရိုက်ဘာသာပြန်ချလိုက် ဝါး
ချလိုက်လုပ်တတ်တယ်ဗျို့.. ^_^

မြို့မှာက ဆွမ်းကြီးလောင်းရင် ဘုရားကြီးဆိုတဲ့ မဟာမြတ်မုနိဘုရားကနေစလို့ ဝပ်ဟိုခုံ(ဂုံရှမ်းဘုန်းကြီး
ကျောင်း)ပတ် စာတိုက်ကနေ ဈေးတန်းကြီးရပ်ကွက်ဖက် ပြန်ဆင်းလာ ဒီလောက်ပါဘဲ။ လွန်ခဲ့တဲ့ ၂နှစ်
လောက်က ကျမပြန်တုံးကတော့ တခါကြုံဖူးခဲ့ပါတယ်။ ဘန်ကောက်က သူဋ္ဌေးမတယောက် ကျိုင်းတုံလာ လည်ရင်း ဆွမ်းလောင်းချင်တဲ့ ဆန္ဒဖြသ်တော်မူပါသတဲ့။ တကယ်ဆိုရင်လည်း သူက ဂုံရှမ်းဘုန်းကြီးကျောင်း
တခုမှာ အလူငွေတွေ အများကြီးနဲ့ အလူအကြီးကြီး ပေးတာပါ။ သူ့နောက်လိုက်တွေက ကမန်းကတန်းစီစဉ်
ပေးတော့ ကျိုင်းတုံရဲ့ချမ်းအေးတဲ့ဆောင်းမနက်ခင်းတရက်မှာ ဆွမ်းလောင်းပွဲကြီး တခုဘုရားကြီးရှေ့ပေါ်
ပေါက် လာရတာပေါ့လေ။ ကျမငယ်ငယ်က ကြဲုဖူးခဲ့တာကတော့ တနှစ် ၂ခါလောက် မြို့လုံးကျွတ်ဆွမ်း
လောင်းပွဲတွေရှိတာပါ။ ခုတော့ ထိုင်းတွေလာတိုင်း ခဏခဏလုပ်ပေးနေရတော့တာဘဲ..။
ကျိုင်းတုံဂုံရှမ်းဘုန်းကြီးကျောင်းကဆရာတော်
သူဋ္ဌေးမကြီးပုံကဟိုလူတွေနဲ့ကွယ်နေတယ်ဖြူဖြူခန့်ခန့်ကြီးဘဲ
ကော်ဖီမစ်ကြီး၂ထုတ်ဖလားထဲဖေါက်ထည့်ပြီး ပြေးလွှားလောင်းလူခဲ့ပါတယ်
အဲဒီ..တုံးက ကျိုင်းတုံဂုံကျောင်းမဟာနယက ဘုန်းကြီးကိုယ်တိုင်ပါကြွလာပေးပါတယ်။ ဘုန်းကြီးကလည်း သိပ်လမ်းမလျောက်နိုင်တော့ပါဘူး။ ဘာဘဲဖြစ်ဖြစ် ဆွမ်းလောင်းပွဲလေး တင့်တင့်တယ်တယ်ဖြစ်ဖို့ ဘုရား လူကြီးတွေက ဆိုင်ရာဆိုင်ရာ မိတ်ဆွေတွေကို ချက်ချင်းလာပေးပါလို့ လက်တို့ရပြီပေါ့လေ။ ဆွမ်းလောင်းပွဲ
က ရ နာရီ  လာလောင်းပါလို့ပြောတာက  ၆နာရီခွဲ..မယ်ငီး ထမိန်ပတ်ပြီးသုတ်ခြေသင်ပြေးလိုက်ရတာ။
(အဖေရှိစဉ်ခါက ကျိုင်းတုံမြို့လုံးဆိုင်ရာ ဘုရားဂေါပကအဖွဲ့ဝင်တယောက် ဆိုဘဲ) အဖေ့ရဲ့အချစ်ဆုံးမိတ်ဆွေ ဦးဟောင်ခမ်းက ကျမရောက်နေမှန်းသိလို့ လာပြောတာလေ။ ကမန်းကတန်း လာပြောပေးတာကိုဘဲကျေး
ဇူးတင်ပါတယ်။ 
ဒီတခါတော့ထိုင်းက အကြီးအကျယ်လာလုပ်တယ်တဲ့ ..။သံယာပေါင်း ၃ဝဝဝကျော်ဆိုဘဲ။ ဆွမ်းလောင်း ပြီးတော့ဆွမ်းကပ်ပါတယ်တဲ့။ ဘုရားကြီးကိုဗဟိုပြုလို့ ပတ်ပတ်လည်ဝိုင်းပြီး သံယာတွေကထိုင်ပါတယ်။
အလူရှင်တွေက ရှေ့မှာအခင်းခင်းထားပေးတဲ့နေရာမှာထိုင်ပြီး ကပ်ကြရပါတယ်။ ဟိုခုံကျောင်းထဲမှာက
သံယာ့ဆရာတော်ကြီးတွေနဲ့ လူကြီးတွေကနေရာယူပါတယ်။ 
ဘုန်းကြီးတွေရဲ့သင်္ကန်းရောင်ကိုကြည့်ပြီး ဗမာကျောင်း ဂုံကျောင်း ရှမ်းကျောင်း ဒီလိုခွဲခြားလို့ရတယ်။ ထိုင်း လိုသင်္ကန်းရောင်လွင်လွင်တွေကို ဂုံရှမ်းဘုန်းကြီးကျောင်းကသုံးပါတယ်။ ကျန်တာတော့ ရှမ်းကျောင်းနဲ့ ဗမာ
ကျောင်းတွေကပါ။
အသံချဲ့စက်နဲ့သုံးပြီး အားလုံးကညီညီညာညာဦးချကန်တော့ကြတာ ကြက်သည်းမွှေးထလောက်အောင် ကြည်နူးစရာပါဘဲ..။
အခန်းအနားစဖွင့်တာကို ဦးဟောင်ခမ်း(ကျမအဖေ့ရဲ့ အချစ်ဆုံးသူငယ်ချင်းမိတ်ဆွေပေါ့) ကစပြီး ဘုရားမီး ပူဇော်ပါတယ်။
 တရားတွေဟောပြောနေတဲ့အချိန်ဆိုရင်လည်း ထိုင်းပရိသတ်တွေက တရားလေးမှတ်လို့..
အပြင်ဖက်က ပရိသတ်တွေ...
အလှူဒါနပြုကြတာ လူမျိုးမရွှေးပါဘူး.....ရင်ထဲကနေ လိုက်လိုက်လှဲလှဲဆုမွန်ကောင်းတောင်းကြတာပါဘဲ..
 ရဟန်းအိုနဲ့အဖွားအိုပုံလေး..ရင်ထဲတကယ်ထိတယ်..
 လှုဖွယ်ပစ္စည်းအစုစု..
ဆောင်းတွင်းနေကစူးပါတယ်..ဓလေ့ထုံးစံဝါးခမောက်လေးနဲ့ ရှမ်းမလေးပေါ့..

ကျမတို့အိမ်ရှေ့ကလမ်းမတန်းတလျောက်မှာပေါ့...

မဟာမြတ်မိုနိဘုရားနဲ့ဝပ်ဟိုခုံကျောင်းရှေ့တဝိုက်..

ခုလိုပုံကောင်းကောင်းတွေ ကောင်းကင်ကပုံတွေကို ထိုင်းက drone camera နဲ့လာရိုက်ကြလို့ မြင်တွေ့
ရတာပါလေ..။
 သူတို့က မယ်ငီးအိမ်ပေါ်ကနေရိုက်ပါရစေလို့ခွင့်လာတောင်းတာလေ...
သူတို့ကင်မရာမန်းကြီးများ...
     
 အိမ်ရှေ့တဝိုက်တိုးမပေါက်ဘူးတဲ့...
စနစ်တကျနဲ့သေသေချာချာစီစဉ်ပြီး လုပ်ကြတယ်...အားလုံးတတပ်တအားပါဝင်လုပ်အားပေးကြတယ်တဲ့။
 မီးသတ်ပိုက်နဲ့လမ်းကိုဆေးပါတယ်။
 ကျောင်းသူလေးတွေက တံမြက်စည်းလှဲကြတယ်လေ..
ဝပ်ဟိုခုံကျောင်းက ကျောင်းထိုင်ဆရာတော်..တအားဥပဓိရုပ်ကောင်းတယ်..ဝမ်းသာအားရဖြစ်နေတဲ့ပုံဘဲ..
ဓါတ်ပုံတွေကို တချို့က ကျမအမရိုက်တာဖြစ်ပြီး..ကျန်တာကတော့ ကိုရဲမြင့်အောင် နဲ့ ဒီနေရာက ယူတာပါ။
အဲဒီ pictureofday ဘလော့က ကြည့်ရတာထိုင်းလူမျိုးဖြစ်ပါလိမ့်မယ်။ ဓါတ်ပုံရိုက်တာ အယူအဆတွေ အရမ်းအသက်ဝင်ပြီး တကဲ့ပုံကောင်းတွေအများကြီးတွေ့ရတယ်။ ထိုင်းဘာသာနဲ့ ရိုက်ယူထားတဲ့နေရာနဲ့
အခန်းအနားလောက်ဘဲစာရေးထားတာတွေ့ရတယ်။
ဓါတ်ပုံတွေကြိုက်တတ်ရင် သွားလည်ကြပါလို့ပြောချင်ပါတယ်။ ထားဝယ်ကဓါတ်ပုံတွေဆို တကဲ့ရင်သပ်ရူ
မောစရာကောင်းလှပါတယ်ရှင်..ကိစ္စများမြောင်ဒီလူ့ဘောင်ဝယ် မယ်ငီးလည်းတနေ့နေ့ စက်ရုပ်အလား
မရပ်မနား အချိန်မရှိလေတော့ တလတပုဒ်လောက်ကို မနဲအားခဲပြီး အာလူးပေးနေရတယ်လေ။

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

8 comments:

  1. တမူးရလို့တစ်ပဲလှူ တို့ရှမ်းတောင်သူလှူနိုင်ရိုးလား ဆိုတာ အလကားပေါ်လာတာမှမဟုတ်တာနော်။တိုင်းရင်းသားထဲမှာတော့ရှမ်းတွေကအလှူအတန်းကော၊သဒ္ဒါတရားကော အရမ်းကောင်းကြတယ်။အလှူပုံတွေကြည့်ပြီး ပီတိဖြစ်သွားပါတယ်။
    သာဓုသာဓုသာဓု :)

    ReplyDelete
    Replies
    1. ကိုယ်လည်းဓါတ်ပုံတွေကြည့်ရင်း
      ကြည်နူးနေတာလေ..
      ဝမ်းသာအားရပီတိတွေဖြာလို့ပေါ့ဟယ်..
      ဟီး..ကိုယ်တိုင်တော့အဲ့အလူမှာတပြားမှမပါဘူး.. :D

      Delete
  2. ပထမဆုံးပုံကနေ ကြည့်တာ မြို့က တော်တော်လှတယ်နော်
    လာချင်စိတ်ပေါက်လာပြီ :)
    နောင်တုံကန်ဘေးက အိမ်တွေဆို ဈေးတော်တော်ကြီးမှာပဲလား

    ReplyDelete
    Replies
    1. စူးနွယ်ရေ..ပြောမဲ့သာပြောရတာ
      ကိုယ်လည်းကျိုင်းတုံအကြောင်းသိပ်မသိနေတော့ဘူး..ကွယ်..
      ဈေးတွေတော့အားလုံးကြီးဆိုတဲ့အထဲကပါဘဲ...
      နောင်တုံနားတဝိုက်က တည်းခိုခန်းတွေ စားသောက်ဆိုင်
      တွေဖွင့်ကြတယ်လေ..လာလည်နော်..

      Delete
  3. ဟင်..ကိုယ့်ကွန်မန့် ရော..
    အိုင်အိုရာ

    ReplyDelete
    Replies
    1. မအိုင်အိုရာ..
      ကျမမတွေ့မိပါဘူး..
      ဘာမှမလုပ်ဘူးနော်..
      ဟီး..ရိုက်ပြီးတခြားပေ့ခ်ျပြောင်းမိတာများလား..
      ဒီကအဲလိုခဏခဏဖြစ်တတ်တာနော့်း)))
      မကျေနပ်ဘူး..ပြန်ရေးပေး..(ဟိ..စတာ..)

      Delete
    2. သိပါဘူးကွယ်..
      ကိုယ်ရေးထားတာက
      အရမ်းစည်တာဘဲနော်လို့ ...
      နေရာတော်တော်များများရောက်ဖူးပေမဲ့ကျိုင်းတုံကိုမရောက်ဖူးခဲ့လို့ မချင့်မရဲဖြစ်ရတယ်လို့ ..
      ကျိုင်းတုံစာတွေနဲ့ ယဉ်ကျေးမှုကိုကိုယ်တိုင်ကိုယ်ကျစားချင်ကြုံဘူးချင်လိုက်တာလို့ ...
      ကဲ..ကျေနပ်တော့နော်...း)

      Delete
    3. အဟဲ..ကျေနပ်သွားပြီ..
      ခုတလော..Unicode နဲ့စမ်းနေတာ
      ဖောင့်ပြောင်းရင်ကောင်းမလားလို့
      ဘုတ်အုပ်ကြီးမှာဒီကလူတွေ
      နင့်စာလည်းလေးထောင့်နဲ့ဆိုတာ
      ခဏခဏအမေးခံရလွန်းလို့
      အင်တာနေရှင်နယ်ကြီးကလည်း
      ယူနီကုတ်ဘဲလက်ခံတယ်ဆိုတော့...
      ကြိုးစားနေတုံး..း)))

      Delete