Friday, October 27, 2017

Singha Park,Chiang Rai

မင်္ဂလာပါရှင်~~~
ဆင်ဟာဘီယာဆိုရင် အားလုံးသိကြတယ်။ ဆင်ဟာကုမ္မဏီကတကယ်တော့ မြန်မာနဲ့သိပ်ရင်းနှီးတာပေါ့..
နော့်။ အခုသူတို့က မြန်မာနိုင်ငံက အရက်ဈေးကွက်တခုလုံးနီးပါးချုပ်ကိုင်ထားနိုင်ပြီလို့ဆိုတယ်။ သိပ်မကြာ ခင်ကဘဲ သူတို့မြန်မာပြည်ရဲ့အဓိက အရက်အချိုရည်ဈေးကွက်ကြီးကိုထိန်းချုပ်ထားတဲ့ ကုမ္မဏီကနေ
ရှယ်ယာတွေအများကြီးဝယ်ထားလိုက်ပြီလို့သတင်းရပါတယ်။ ဒါကတော့ သူတို့ဘယ်လောက်ကြီးမားတဲ့
ကုမ္မဏီဆိုတာပြောပြချင်လို့..ခြေလေးဆင်း..အဟဲ...တကယ်ကြီးကို..ကြီးပါတယ်..။
အဝင်ဝမှာ ဓါတ်ပုံရိုက်ဖို့ ကားထားတဲ့နေရာကနေပြန်လျောက်ရင် တမျှော်တခေါ်ပေါ့..ဒီတော့..မှန်ပြောင်း
ကိုရှည်ခိုင်းလိုက်..ပြီးဆွဲရိုက်..သက်သာချက်..အဲ့တာ..အဝင်ဝနားက သူတို့logoပေါ့ဟယ်...။
စက်ဘီးဌားရင်လည်းရတယ်..။ သူတို့ကားနဲ့လည်းရတယ်။ ကိုယ့်ကားတော့မရဘူး။ အထဲက စားသောက်ဆိုင်ဘဲသွားမယ်ဆိုရင်ရတယ်တဲ့။
ကိုယ်တို့ကတော့ သူတို့ဆီကကားနဲလည်လည်ထွက်ခဲ့ကြတယ်...
တံခွန်တိုင် ကုက္ကားတွေတွေ့ရင် ရှမ်းတွေရဲ့ထုံးစံလို့ဘဲမှတ်..း))) ရှမ်းပေါင်းမြောက်မြားစွာရှိတာ.. ကျိုင်း ရိုင်းမှာနေတဲ့ ခွန်းမိန်း(ဒေသအခေါ်) ထိုင်းဆိုတာကကျနော်တို့ ခင်ဗျားတို့သိတဲ့ ထိုင်းနဲ့အများကြီး ကွာခြား ပါတယ်ဆိုတာ..သွားလည်ရင်သိပါလိမ့်မယ်..(နို့မို့ရင်လည်း google နဲ့ရှာဖွေပါလေ) 😁😀😅😆
ပန်းခင်းတွေအနီးကပ်ကြည့်တော့ ပန်းအိုးတွေကိုစီပြီးချထားတယ်..။အဲ့လိုမျိုးလေးကြိုက်တာ..တမျိုးကညိုး
သွားပြီးရင်တခြားပန်းတွေပြန်စီထား..DECORATION ဆိုတာအမြဲပြောင်းလို့ရမှ ရှင်သန်လှပမှာပေါ့နော့်

အာရှတိုက်ရဲ့ မတ်လဆန်းချိန်ဆိုတာ လေပူလေးတချက်ချက်ဝှေ့ပြီး သစ်ရွက်တွေကြွေချိန်ပေါ့...
သူတို့မြေအကျယ်ကလည်း အားရစရာ ဧက ၃ဝဝဝကျော်...ကိုယ်တော့ နောက်တခါဆိုရင် စက်ဘီးဘဲစီး မယ်...
မောရင် သူတို့စားသောက်ဆိုင်မှာသွားထိုင်စား..ဇိမ်ဘဲ..တောင်ကုန်းထိပ်မှာ..
ကိုယ်တို့မရောက်ခင် ၂ပတ်လောက်က အဲ့ပန်းအဝါလေးတွေ ပင်လုံးကျွတ်တဲ့...လှလိုက်တာတဲ့...
အဲ့ဒီအဒေါ်ကြီးပြောပြတယ်..။ ကျိုင်းတုံဖက်က အားခါတိုင်းရင်းသားတယောက်ပေါ့..သူလက်ညှိးထိုးပြပါ
သေးတယ်..အဲ့နားက လူတွေအားလုံး သူတို့လူမျိုးတွေပါဘဲတဲ့...။

ကဲ...သူတို့ကားနဲ့ Park တခုလုံး သွားလည်တယ်ဆိုတာက သူတို့ရပ်ပေးတဲ့နေရာကြရင် ဆင်း..ကြည့်.
မြည်းစရာရှိမြည်း..ပြီးဝယ်ပေါ့..ဒါကစတော်ဘယ်ရီခြံတဲ့...
ကြိုက်သလောက်ခူးတဗူးဘယ်လောက်နဲ့ပေး..အခင်းထဲဝင်ခလည်းပေး...
ဝင်ပြီးဓါတ်ပုံရိုက်ကြ ခူးကြ စားကြ..
ကိုယ်တွေတော့ အထဲမဝင် အပြင်က စတော်ဘယ်ရီပင်ကြီးတွေနဲ့ ပဲပေးခဲ့တယ်...😝
တောင်ကုန်းထိပ်မှာ ဖရုံသီးတွေ တွေ့လို့..စကားမစပ်..မယ်ငီးဖရုံသီး အရမ်းကြိုက်ဘဲ ကြော်စား (ဘူးသီးကြော်လို)  ချက်စား soup လုပ်စား အားလုံးလုပ်တယ်..။စားတယ်..😘 အရေးထဲ အစားငမ်း
ကြောင်းလေးကပါသေး..

လက်ဖက်တောတခုလုံး..
 ကိုယ်လည်း သူတို့လက်ဖက် တဗူးဝယ်လာသေးတယ်

သူတို့စိုက်ခင်းကထွက်ရင် အော်ဂဲနစ်တွေချည်းပါဘဲ...လတ်လတ်ဆတ်ဆတ်..
ရှိသမျှ စားပင်အမျိုးစုံရှိတယ်..
စိုက်ခင်းတွေကြည့်ပြီး အားကျတာ..နော်..
အပင်တွေကို အိတ်နဲ့ဘဲစိုက်ထားပေမဲ့ အသီးတွေက သန်လိုက်တာ...
ဒီသစ်ကုလားအုတ်တသိုက်နဲ့.. ၁၂ လက်မတပေ ၃ပေ ငီးငီး အကြောင်းပြောရအုံးမယ်..
ဌက်ပျော်သီးတတောင်းဝယ်ပြီး ကျွေးတာဘဲ..သူ့လည်ပင်းကြီး ပြတ်ထွက်မတတ် ငုံပြီးယူတာ...ဒီက..
ခင်ခင်နှမလည်း ခြေထောက်အစွမ်းကုန်ပင့်မပြီးပေးတာဘဲ..၃လုံးလောက်အောက်ပြုတ်ကျတယ်..အဲ့လို...
ပါဆို...သူတို့က အပင်တွေရော တိရစ္ဆာန်တွေရော..အများကြီးရှိတာ...

ဒီနွားနောက်..တွေကလည်း..အော်လိုက်တာ...ကြောက်စရာ အနားကပ်ပြီး ဓါတ်ပုံရိုက်တာ ကြောချမ်းဗျ...
မြင်ရာတွေ့ရာ..ရိုက်တာဘဲ..ဗီဒီယိုတင်တာ...တင်လို့မရဘူး...
စာရင်းချုပ်ရင်တော့ဗျာ..ရောက်ခဲ့ရင် ဝင်လည်ကြပါ..။ကြည်နူးစရာ စိတ်ချမ်းသာစရာ လေကောင်းလေသန့်
ရလို့..တခြားကြည့်စရာ တွေလည်း အများကြီးရှိပါကြောင်း...ခပ်သွက်သွက်လေးနူတ်ဆက်ပြန်လိုက်အုံးမယ်
နော်....
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage

Thursday, October 19, 2017

ထိုင်းပါလာတူးငါး

မင်္ဂလာပါရှင်~~~
ပါလာတူးချိန်လို့ ထိုင်းနိုင်ငံဈေးထဲမှာ ပေါင်းခြင်းတောင်းထဲမှာ ၃ကောင် ကြီးရင် ၂ကောင်ထဲ့ပြီးရောင်းတာ
မြင်ဖူးကြမှာပေါ့။ တခြင်းကို ဘတ် ၂ဝ လောက်ဘဲပေးရတာပါ..။ အကောင်ကြီးမှဈေးကြီးတာ။ အဲ့ဒီငါးက တော့ ထိုင်းတွေရဲ့အဓိကထားစားရတဲ့ အသားငါးပါဘဲ။

ထိုင်းလို ปลาทู Mackerel or Short mackerel ဗမာလိုငါးသေတ္တာငါး..ဘယ်လိုခေါ်ခေါ်လေ သိပ်ဈေးမကြီး
ဘဲအရသာအဟာရပြည့်ဝပေးနိုင်တဲ့ငါးလို့သာမှတ်ယူလိုက်ပါရှင်။ ဒီတခါ မယ်ငီး ကိုယ်တို့ဘီရုမာပုံစံ ရိုးရိုး ငါးသေတ္တာငါးကိုကြော်တာမဟုတ်ဘဲ ထိုင်းလို ပေါင်းပြီး ကြော်စားနည်းလေးမျှဝေရအုံးမယ်။
ဒီကအားချဲဟဲဆိုင်ရောက်ရင် ရေခဲရိုက် အာရှဖက်က ငါးတွေသွားချောင်းရတယ်။ ဘာစားရင်ကောင်းမလဲ
ဆိုတော့ ပါလာတူးငါးတွေ့တာနဲ့ တထုတ်ဆွဲခဲ့တယ်လေ..။ အရင်ဆုံး ရေခဲသေတ္တာအောက်ဖက်ကို ၃ကောင်ပြောင်းထားမယ်။ ပလာတူးချိန်လုပ်ဖို့ ငါးငံပြာရည်နဲ့ ဆားနဲနဲ ရေ ဒါဘဲလိုတာပါ...။ ငါးငံပြာ ရည်အများကြီးသုံးရမယ်ဆိုတော့ နဲနဲဈေးပေါတဲ့ငံပြည်ရည်ရှာဝယ်လာရသေးဗျား...😂

နောက်နေ့မနက်ဆေးကြောသန့်စင်ပါ ။ ပါးဟက်နားကနေဘဲ အထဲကကလီစာအူတွေဆွဲထုတ်နော်..ဗိုက်
မဖေါက်ပါနဲ့..။

 ငံပြာရည်နဲ့ရေဆတူထဲ့ရမယ်..ငါးမြုပ်အောင် ၃နာရီစိမ်ရပါမယ်။ မပိုမလို ၃နာရီပါ...
 ငါးစိမ်ဖို့ခွက်တွေပုဂံတွေရှာလိုက်တာ..မုန့်ဗူးစားပြီးပစ်မလို့ တော်သေးဗျား..recycle လုပ်လို့ရ 👌
ကိုင်း..ရေတခွက် ငံပြာရည်တခွက် ဆားနဲနဲထဲ့ ပြီး ဟိုလှန်ဒီလှန်ပေါ့... ၃နာရီဆက်တင်ချိန်ပြီး ငပိတခွက်
ထောင်းထားလိုက်ပါရှင်..ချဉ်ချဉ်စပ်စပ်လေးနော် ။ အော်..ငရုပ်သီး ပုဇွန်ခြောက် ငပိ သံပုရာသီး ဒါလောက်
ပါရင်လုံလောက်ပြီ အရသာပျက်အောင် အချိုမူန့် ဟင်းခပ်မူန့်ဆိုတာ သွားမထဲ့လေနဲ့..။

 ၃နာရီပြည့်ရေစစ်ပါ
ပြီး၁၅မိနစ်ပေါင်းပါ....ပြီးမှ ခြောက်အောင်ကျမထားလိုက်တယ်..။နို့မို့ကြော်ရင် ဆီပေါက်မှာနော်... ဆားတွေ
ဘာတွေထပ်ထဲ့စရာမလိုတော့ပါဘူး။ လုံးဝမညှီတဲ့ ငါးကြော်နူးနူးညံ့ညံ့လေးတပွဲပေါ့...။

ကဲ..စားခါနီး ဆီပူပူမှာထိုးကြော်လိုက်ပါ။ ငပိထောင်းလေးလည်းသံပုရာသီးညစ်အုံး ငါးကြော်မွှေးမွှေးလေး
တို့စရာရုံးပတီသီး ပဲသီး မုန်လာထုတ်ပြုတ် အဆင်သင့်ဖြစ်ပါစေ..ကွယ်..အော်..ကုလားလေးကောင်းမူ့က ဒန့်ဒလွန်ရွက်တောင်ရလာတယ်..နုဖတ်နေတာဘဲ ပုဇွန်ခြောက် လက်သည်းခွံလောက် ၅ကောင်ကို ကြက်သွန်ဖြူ၂တက် ဓါးပြားရိုက် ကြက်သွန်နီလေး တခြမ်းလောက်ပါးပါးလှီး ဗွက်ဗွက်ထနေတဲ့ဟင်းရည်
ထဲပစ်ထဲ့၊ ဆူလာရင် ငရုတ်ကောင်းလေး ငံပြာရည်(ဒီတခါတော့ အကောင်းစားလေးပေါ့..ဟီး) ၂ပေါက်
လောက်ထဲ့ဆားမြည်းပေါ့ရင် နဲနဲထဲ့၊ အသားမူန့် ဟင်းခပ်မူန့် အချိုမူန့် အားလုံးမေ့ထားလိုက်ပါ။(ကျမဆို
လုံးဝမစားတာ မစားကြပါနဲ့ရောဂါများလွန်းလို့တဲ့...ကြားထဲကနေ ဆြာမကီးကဝင်လုပ်လိုက်ရသေး😆)
ဒီနေရာမှာဝင်ကြည့်ပါ သူတို့ပါလာတူးငါးနဲ့ချက်ထားတဲ့ မျိုးစုံလင်လှတဲ့ ထိုင်းစတိုင် ငါးဟင်းတွေပါ..။

ကြုံတုံး ငီးငီးအဓိကသုံးတဲ့ ပဲငံပြာရည်ပုံနဲ့ ငါးငံပြာရည်ပုံ ပြအုံးမယ်..။ ငံပြာရည်တွေမှာလည်း အချိုမူန့်
တွေထဲ့တတ်တယ်။ ဝယ်ရင် သေချာရွှေးဝယ်ပါ။ ကိုယ်တော့ ရွှေးရင် မေးရင်း..ဒီ၂ခုကိုအရမ်းကြိုက် သွားတာ။

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေ~~~
#meemeenage